Professional Diploma in HR Management သင်တန်းအွန်လိုင်းမှ ထပ်မံဖွင့်လှစ်မည်

Diploma in HR Management (Online Learning) Batch-3 သင်တန်းကို အောက်တိုဘာ ၄ ရက်မှာ အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

သင်ကြားမှုပုံစံကတော့ ZOOM Application နဲ့ဖြစ်ပြီး အပြင်မှာ အတန်းတက်ရသလို အတန်းချိန်အတိအကျနဲ့ အွန်လိုင်းကနေတစ်ဆင့် စာတွေ့ လက်တွေ့ ပေါင်းစပ်ကာ အပြန်အလှန်ဆွေးနွေးတဲ့ သင်ကြားမှုပုံစံနဲ့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်အတန်းတက်ရသလို Break Time, Discussion အချိန် ၊ Q & A အချိန်များ ပါဝင်မှာ ဖြစ်ပါတယ်။ Chapter တစ်ခုပြီးတိုင်း Recorded Video ဖိုင်တွေကို Facebook Group မှာ တင်ပေးထားမှာ ဖြစ်တဲ့အတွက် သင်ပြီးသား သင်ခန်းစာတွေကို အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းမှာ စာတွေ့သာမက လက်တွေ့နဲ့ ချိတ်ဆက်နိုင်စေဖို့အတွက် Individual (or) Group Presentation တွေ၊ Chapter End Test တွေ၊ Knowledge Test တွေ၊Assignment တွေ၊Case Study တွေ ပါဝင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလက (၄) လဖြစ်ပါတယ်။ Lincoln University College & ETVA စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ပါက Lincoln University College & Euroskills (ETVA) မှ ပေးအပ်တဲ့ နိုင်ငံတကာအသိအမှတ်ပြု Diploma ရရှိနိုင်မှာဖြစ်ပါတယ်။ ပုံမှန်သင်တန်းကြေး – ၃၂၀,၀၀၀ ကျပ် ဖြစ်ပြီး ပထမဆုံးအပ်နှံသူ ၁၀ ယောက်အနေနဲ့ ၂၂၀,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ Assignment Fees, Exam Fees နဲ့ Lincoln University College Registration Fees တွေကတော့ 120 USD နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို Profeso Business Institute နေပြည်တော် ဖုန်း – ၀၉၉၅၅၉၁၃၃၃၃ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««