Private group အတြက္ အခေပးအစီအစဥ္ေတြကုိ Facebook စမ္းသပ္ေန

[ Zawgyi ]

Facebook အေနနဲ႔ group administrator ေတြက သီးသန္႔ content အတြက္ အဖြဲ႕ဝင္ေတြဆီကေန ေငြေၾကးေကာက္ခံႏိုင္မယ့္ စမ္းသပ္အစီအစဥ္ တစ္ခုကုိ မိတ္ဆက္ခဲ့ပါတယ္။

ဒီအစီအစဥ္ကို အုပ္ထိန္းသူေတြအျပင္ ေကာလိပ္အစီအစဥ္၊ ဟင္းခ်က္နည္းနဲ႔ အိမ္သန္႔ရွင္းေရး အပါအဝင္ ေနအိမ္နဲ႔သက္ဆုိင္တဲ့ group အနည္းငယ္မွာ စမ္းသပ္ေနတယ္လို႔ Facebook က blog post မွာေဖာ္ျပခဲ့ပါတယ္။

အခမဲ့ group ေတြကိုေတာ့ အေျပာင္းအလဲလုပ္မွာ မဟုတ္ဘူးလို႔ Facebook ကေျပာပါတယ္။ ဒါေပမဲ့ group administrator ေတြက အခေပးအစီအစဥ္ျပဳလုပ္ဖို႔ group အတြင္းမွာ အဖြဲ႕ခြဲေတြ ဖန္တီးႏိုင္ပါတယ္။

Facebook က group administrator ေတြအေနနဲ႔ စမ္းသပ္အစီအစဥ္ ကာလအတြင္း လစဥ္ေၾကး ၂၉.၉၉ ေဒၚလာ အထိ ေကာက္ခံႏိုင္တယ္လို႔ သတင္းအရင္းအျမစ္တစ္ခုက TNW ကိုေျပာခဲ့ပါတယ္။

လက္ရွိမွာေတာ့ Facebook အေနနဲ႔ လစဥ္ေၾကးထဲကေန ေဝစုတစ္ခုကို ျဖတ္ေတာက္သြားမယ့္အစီအစဥ္ မရိွေသးဘူးလို႔ သိရပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

Facebook အနေနဲ့ group administrator တွေက သီးသန့် content အတွက် အဖွဲ့ဝင်တွေဆီကနေ ငွေကြေးကောက်ခံနိုင်မယ့် စမ်းသပ်အစီအစဉ် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို အုပ်ထိန်းသူတွေအပြင် ကောလိပ်အစီအစဉ်၊ ဟင်းချက်နည်းနဲ့ အိမ်သန့်ရှင်းရေး အပါအဝင် နေအိမ်နဲ့သက်ဆိုင်တဲ့ group အနည်းငယ်မှာ စမ်းသပ်နေတယ်လို့ Facebook က blog post မှာဖော်ပြခဲ့ပါတယ်။

အခမဲ့ group တွေကိုတော့ အပြောင်းအလဲလုပ်မှာ မဟုတ်ဘူးလို့ Facebook ကပြောပါတယ်။ ဒါပေမဲ့ group administrator တွေက အခပေးအစီအစဉ်ပြုလုပ်ဖို့ group အတွင်းမှာ အဖွဲ့ခွဲတွေ ဖန်တီးနိုင်ပါတယ်။

Facebook က group administrator တွေအနေနဲ့ စမ်းသပ်အစီအစဉ် ကာလအတွင်း လစဉ်ကြေး ၂၉.၉၉ ဒေါ်လာ အထိ ကောက်ခံနိုင်တယ်လို့ သတင်းအရင်းအမြစ်တစ်ခုက TNW ကိုပြောခဲ့ပါတယ်။

လက်ရှိမှာတော့ Facebook အနေနဲ့ လစဉ်ကြေးထဲကနေ ဝေစုတစ်ခုကို ဖြတ်တောက်သွားမယ့်အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

စိုးထက်
Ref: TheNextWeb