Privacy ဆိုင်ရာ တစ်ကွက်စာကာတွန်းများကို မိတ်ဆက်

Friedrich Naumann Foundation Myanmar နဲ့ ဆိုက်ဘာဘေးကင်းအဖွဲ့တို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ ကာတွန်းဆရာ ၃၀ ရေးဆွဲထားတဲ့ privacy နဲ့ ပတ်သက်တဲ့ တစ်ကွက်ကာတွန်း ၃၈ ကွက်နဲ့ social media campaign တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

ကာတွန်းဆရာများထဲမှာ နာမည်ကြီး ကာတွန်းဆရာများဖြစ်တဲ့ အော်ပီကျယ်၊ မောင်မောင်ဖောင်တိန်နဲ့ လဂွမ်းအိန်ကဲ့သို့သော ကားတွန်းဆရာများ ပါဝင်တယ်လို့ သိရပါတယ်။ ကာတွန်းများကို Privacy ဆိုင်ရာ အထွေထွေသိကောင်းစရာများ၊ အချက်အလက်ခိုးယူမှုများ၊ လုံခြုံရေးနှင့် တစ်ကိုယ်ရည်ဆိုင်ရာ နေရာများဟူ၍ လေးပိုင်း ခွဲခြားထားတယ်လို့ သိရပါတယ်။

အပတ်စဉ် အင်္ဂါနေ့၊ နံနက် ၁၀ နာရီတိုင်းမှာ ကာတွန်းတွေကို FNF Myanmar နဲ့ ဆိုက်ဘာဘေးကင်း Facebook စာမျက်နှာများမှာ ဖော်ပြပေးသွားမှာဖြစ်ပြီး campaign မှာ လေးပတ်ကြာမြင့်မယ်လို့ သိရပါတယ်။ Facebook အသုံးပြုသူတွေအနေနဲ့ အင်္ဂါနေ့မှ စ၍ နောက်တစ်ပတ် တနင်္လလာ အထိ ကာတွန်းများကို like, Share နဲ့ comment ပေးပို့မှုများ ပြုလုပ်ကာ campaign မှာ ပါဝင်ဆင်နွှဲခြင်းဖြင့် လက်ဆောင်များရယူနိုင်မယ်လို့ သိရပါတယ်။
အပတ်စဉ် တနင်္လာနေ့၊ နေ့လယ် ၃ နာရီမှာ ကာတွန်းဆရာတစ်ယောက်မှ ကာတွန်းအကြောင်း ရှင်းပြထားတဲ့ video Clip မှာ လက်ဆောင်ရရှိသူ ၁၂ ယောက်ကို ကြေညာပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကာတွန်းဆရာတွေ အနေနဲ့ ကာတွန်းရေးဆွဲခြင်းကို မည်သို့မည်ပုံ အိုင်ဒီယာရကြောင်း၊ မည်သည်က လွှမ်းမိုးမှုရှိကြောင်းတို့ကို ပြောကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ဆောင်ရရှိသူတွေ အနေနဲ့ ကာတွန်းစာအုပ်၊ FNF မှ ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ရေးပိုက်ဆံအိတ်နဲ့ Power bank တစ်ခုကိုရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကာတွန်းများအားလုံးကို FNF Myanmar နဲ့ ဆိုက်ဘာဘေးကင်း ဝက်ဘ်ဆိုက်များမှာလည်း ဖော်ပြထားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««