Prime Video တွေကို Amazon အခမဲ့ကြည့်ခွင့်ပြု

Amazon က Prime Video လစဉ်ကြေးပေးသွင်းစရာမလိုဘဲ ကလေးအစီအစဉ်တွေကို အခမဲ့ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ အဲဒီ content တွေထဲမှာ Amazon က third-party နဲ့ မူရင်းတီဗီအစီအစဉ်တွေကို ကြည့်ရှုနိုင်ပါမယ်။ ဒါ့အပြင် Peppa Pig and Arthur လိုမျိုး အစီအစဉ်နဲ့ Just Add Magic နဲ့ Pete the Cat တို့ပါဝင်လာပါတယ်။

ကမ္ဘာပေါ်က လူပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာပဲ နေကြရတဲ့အတွက် ရုပ်သံဝန်ဆောင်မှုတွေကို အသုံးပြုသူ များပြားလာပါတယ်။ လူပေါင်းများစွာ အသုံးပြုလာတာကြောင့် ရုပ်သံဝန်ဆောင်မှုများစွာဟာ ဥရောပမှာ ရုပ်ထွက်အရည်အသွေး ကြည့်ရှုမှုကို လျှော့ချဖို့ သဘောတူညီခဲ့ပါတယ်။

ကလေးငယ်တွေနဲ့အတူ နေထိုင်ရတဲ့ မိဘတွေအတွက် Amazon ကအခုအစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။ Prime Video လစဉ်ကြေးပေးသွင်းစရာမလိုဘဲ ကလေးအစီအစဉ် ၄၀ နီးပါးကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေ ကြည့်ရှုဖို့ Amazon account ကိုဝင်ထားဖို့ လိုအပ်ပါတယ်။

-စိုးထက်
Ref: SlashGear