Pre-Wedding ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ဝါကျွတ်ကာလတွင် မင်္ဂလာပွဲပြုလုပ်မယ့် မင်္ဂလာမောင်နှံတွေကို ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အွန်လိုင်း Pre-Wedding ဓာတ်ပုံပြိုင်ပွဲကို နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ အွန်လိုင်းမင်္ဂလာလက်ဖွဲ့ ဝန်ဆောင်မှုဝက်ဆိုက်က် MingalarLetPhwet.com မှ ဦးစီးကျင်းပသွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်လိုတဲ့ မင်္ဂလာမောင်နှံတွေအနေနဲ့ MingalarLetPhwet.com ဝက်ဆိုက်က်မှာ register ပြုလုပ် ထားရန် လိုအပ်ပြီး winners တွေကို Online Voting စနစ်ဖြင့် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုကြေးတွေ အနေနဲ့ ပထမဆု ကျပ် ၁၅၀,၀၀၀ တန် Gift Voucher ၊ ဒုတိယဆု ကျပ် ၁၀၀,၀၀၀ Gift Voucher ၊ တတိယဆု ကျပ် ၅၀,၀၀၀ Gift Voucher တွေကို အသီးသီးချီးမြှင့်သွားမှာဖြစ်ပြီး ဆုရရှိသူမင်္ဂလာမောင်နှံ ၃ တွဲရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးတဲ့ ဓာတ်ပုံဆရာ သုံးဦးမှာလည်း Mingalar Let Phwet မှ ပေးအပ်တဲ့ Moet & Chandon အမှတ်တံဆိပ် ရှန်ပိန်တစ်လုံးစီရရှိမယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှုကို ရယူဖို့ MingalarLetPhwet.com မှာ register လုပ်ထားကြတဲ့ မင်္ဂလာမောင်နှံတွေအတွက် အခုလို Pre-wedding ဓာတ်ပုံပြိုင်ပွဲကျင်းပခြင်းဖြစ်ပါတယ်။ အကယ်၍ သင့်မှာ Pre-wedding ဓာတ်ပုံတွေရိုက်ထားတာရှိတယ်ဆိုရင် ကျွန်တော်တို့ ဝက်ဆိုက်ဒ်မှာ register ပြုလုပ်ပြီး အလွယ်တကူပဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ် ’’ ဟု Mingalar Let Phwet ၏ CEO ဖြစ်သူ Mr.Charles – Patrick Rowan ကပြောပါတယ်။

-အောင်သူ