Pre-University 3 Days Workshop အတန်းသစ်ဖွင့်မည်

Pre-University 3 Days Workshop အတန်းသစ်ကို American University of Yangon က နေ အောက်တိုဘာ ၅ ရက်မှာ ထပ်မံ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ အင်္ဂလိပ်စာ၊ ပျော်ရွှင်စရာလူမှုဆက်ဆံ‌ရေးလှုပ်ရှားမှုတွေနဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေ ပါဝင်မှာဖြစ်ပြီး နိုင်ငံခြားသား ဆရာ၊ ဆရာမတွေနဲ့ ထိတွေ့ သင်ယူခွင့်၊ စာ‌သပ်သပ်ပဲ မဟုတ်တဲ့ တက္ကသိုလ်ဘဝကို ၃ ရက်အတွင်း အစမ်းဖြတ်သန်းရမှာ ဖြစ်ပါတယ်။ သင်တန်းကို Virtually အွန်လိုင်းမှတစ်ဆင့် တက်ရောက် နိုင်မှာဖြစ်ပြီး သီးသန့်ပြင်ပ လှုပ်ရှားမှုတွေကိုလည်း ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ လျော်ညီစွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ယူဖို့ ပြင်ဆင်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်သင့်တဲ့ workshop တစ်ခုဖြစ်ပြီး Workshop တစ်ခုမှာ ၁၅ ယောက်သာ အများဆုံးလက်ခံမှာ ဖြစ်ပါတယ်။

သင်တန်းကြေး ဒေါ်လာ ၄၀ ဖြစ်ပြီး Limited Promotion ဒေါ်လာ ၂၀ သက်သာခွင့်ကြောင့် မြန်မာငွေ ၂၈,၀၀၀ ကျပ်နဲ့ ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အ‌နေနဲ့ https://au.edu.mm/student-sign-up-form မှာ စာရင်းသွင်းထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၇၇ ၉၀၀၀ ၉၀၀ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««