PP Mobile Application

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက ပြုလုပ်ထားတဲ့ App ဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ထမ်းနဲ့ သီးနှံစိုက်တောင်သူတွေ အတွက် ဘက်စုံသီးနှံကာကွယ်ရေးကို အခြေခံတဲ့ ဖျက်ပိုးတွေ ကာကွယ်နှိမ်နင်းနိုင်ရေးနဲ့ ပတ်သက်တာတွေကို အတိုင်းအတာတစ်ခု အထိ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ပိုးမွှား၊ ရောဂါ၊ ပေါင်း၊ ခရု၊ သိုလှောင်သီးနှံဖျက်ပိုး၊ ဓာတုပိုးသတ်ဆေး၊ ဇီဝပိုးသတ်ဆေး စတဲ့ အကြောင်းအရာတွေအပြင် နိုင်ငံတကာ၊ ဥရောပနှင့် အာဆီယံမှ သတ်မှတ်ထားတဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်တွေ၊ ပိုးသတ်ဆေးအဆိပ်သင့်ပုံနှင့် ရှေးဦးသူနာပြုစုနည်း၊ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ အခြားသတင်းအချက်အလက် ဗဟုသုတတွေကို လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။

App ကို Android version 4.1 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««