Powster အမည်ရ AR app နဲ့ပူးပေါင်းပြီး Pearl Jam သီချင်းသစ်မိတ်ဆက်

နာမည်ကျော် ရော့ခ်အဖွဲ့ Pearl Jam ဟာ Powster အမည်ရ augmented reality ဝက်ဘ်ဆိုက် app အသစ်နဲ့ ပူးပေါင်းပြီး “Superblood Wolfmoon” သီချင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ သီချင်းသစ်ကို streaming ဝန်ဆောင်မှုတွေမှာ ဖေဖော်ဝါရီ ၁၈ ရက်မှ မိတ်ဆက်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေက Pearl Jam အဖွဲ့ သီချင်းသစ်ကို နားထောင်နိုင်ဖို့ Powster app ကိုအသုံးပြုပြီး ဖုန်းကင်မရာတွေနဲ့ လကို ချိန်တွယ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်လိုက်ရင် လနဲ့ တစ်ဝိုက် ဖုန်းမျက်နှာပြင်ပေါ်မှာ animation ကိုမြင်တွေ့ရပြီး “Superblood Wolfmoon” သီချင်း ချိန်သားကိုက်ပေါ်လာပါမယ်။ App အတွင်း သီချင်းကို ကြိုတင်မှာယူနိုင်ပါမယ်လို့ Powster က သတင်းထုတ်ပြန်ထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဒီနေရာမှာ စမ်းသပ်နိုင်ပါတယ်။

Pearl Jam ဟာ ၂၀၁၇ ခုနှစ်က AR ကိုအသုံးပြုပြီး သီချင်းသစ်ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ Local Natives က Pearl Jam ရဲ့ “I Saw You Close Your Eyes” ကိုဖြန့်ချိခဲ့ပါတယ်။ သီချင်းနားထောင်မယ့်သူက laptop ကင်မရာကို ဖွင့်ပြီး ထိုင်လျက်အနေအထားနဲ့ မျက်လုံးကို ပိတ်ထားဖို့လိုအပ်ပါတယ်။

စိုးထက်
Ref: Pitchfork