Post Graduate Diploma of Marketing Management သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် စျေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ ဒီပလိုမာ (Post Graduate Diploma in Marketing Management-PGDMM) သင်တန်း အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်တစ်ခုခုမှာ အခြားသင်တန်း တက်ရောက်နေသူတွေဖြစ်လို့ မရပါဘူး။ သင်တန်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို ဒီဇင်ဘာ ၅ ရက်မှ ၃၀ ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ ရယူလျှောက်ထားနိုင်ပါတယ်။

သင်တန်းဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာကျင်းပသွားမှာပါ။ သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖုန်း – ၀၁-၅၂၆၆၁၃ (သင်တန်းရေးရာဌာန)၊ ၀၁-၅၁၃၄၅၇ (PGDMM ရုံးခန်း)၊ ၀၁-၅၁၃၅၇၆ (ဝါဏိဇ္ဇဗေဒဌာနရုံးခန်း) တို့ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ