Post Graduate Diploma in Geography of Tourism အွန်လိုင်းသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ

Post Graduate Diploma in Geography of Tourism (PGDFT) 2nd Batch အွန်လိုင်းသင်တန်းကို သြဂုတ် ၁ ရက်မှ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ ပထဝီဝင်ဌာနမှ ဦးစီးကာ ဖွင့်လှစ်တာဖြစ်ပြီး သင်တန်းကာလ ၁၀ လ ဖြစ်ပါတယ်။ သင်တန်းသို့ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ အစိုးရဌာနတွေနဲ့ NGO များမှ ဘွဲ့ရ အရာထမ်းများအပြင် ပြင်ပ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဘွဲ့ရပုဂ္ဂိုလ်တွေပါ လျှောက်ထားနိုင်ပါတယ်။ ဝင်ခွင့်လျှောက်လွှာပုံစံကို ရန်ကုန်အဝေးသင်တက္ကသိုလ် ပထဝီဝင်ဌာနဝက်ဘ်ဆိုက် ဖြစ်တဲ့ www.udegeog.edu.mm မှာ ဇူလိုင် ၁ ရက်မှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် resgister ပြုလုပ်နိုင်ပါတယ်။ သင်တန်းတက်ရောက်ခွင့် ရရှိသူတွေကို အီးမေးလ်ဖြင့် အကြောင်းကြားမှာ ဖြစ်ပြီး အသေးစိတ်ကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်း ဖုန်း-၀၉၅၁၃၇၉၈၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ