Post အဟောင်းတွေကို ဖျက်နိုင်မယ့် Facebook လုပ်ဆောင်ချက်

Facebook က သုံးစွဲသူတွေရဲ့ post အဟောင်းတွေ များစွာကို hide လုပ်တာနဲ့ ဖျက်နိုင်မယ့် feature သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Facebook ရဲ့ Manage Activity က သုံးစွဲသူ profile ကိုရှင်းလင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

သုံးစွဲသူက အခြားလူ မမြင်စေလိုတဲ့ အကြောင်းအရာကို archive လုပ်နိုင်သလို ကိုယ်တိုင်မြင်တွေ့နိုင်အောင် သိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် မမြင်တွေ့လိုတဲ့ အကြောင်းအရာတွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။
အဲဒီအကြောင်းအရာတွေက ရက်၃၀ရှိနေမှာ ဖြစ်ပြီး ပြန်လည်စဉ်းစားခွင့်ပေးထားတာ ဖြစ်ပါတယ်။

တစ်လအကြာမှာတော့ အကြောင်းအရာတွေကို ဖျက်ပစ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရက် ၃၀အတွင်း trash ထဲက အရာတွေကို restore လုပ်နိုင်ပါသေးတယ်။ Post တွေကို archive ဒါမှမဟုတ် trash ထဲပို့တာကို ပမာဏများစွာ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် filter တွေလည်းပါဝင်ပြီး အချိန်၊ ရက်စွဲဒါမှမဟုတ် လူနဲ့ပတ်သက်တာတွေ ရှာဖွေနိုင်ပါသေးတယ်။

Manage Activity ကို Facebook Lite မှာလည်း အသုံးပြုနိုင်ပါတယ်။ မကြာခင်မှာ မိုဘိုင်း app တွေမှာ ဖြန့်ချိမှာ ဖြစ်တယ်။ အနာဂတ်မှာ Desktop အတွက် ဖြန့်ချိမှာဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena