Portal မော်ဒယ် ၃ မျိုးကို မိတ်ဆက်လိုက်တဲ့ Facebook

Facebook ဟာ Portal, Portal Mini နဲ့ Portal TV မော်ဒယ်သစ် ၃ မျိုးဖြစ်တဲ့ ဗီဒီယိုခေါ်ဆိုနိုင်တဲ့ Portal စီးရီးတွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ ထုတ်ကုန်တွေကို အခြားဈေးကွက်တွေဆီ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Portal နဲ့ Portal Mini ဒီဇိုင်းသစ်တွေကြောင့် ဓာတ်ပုံဘောင်နဲ့ ပိုမိုဆင်ပါတယ်။ Portal ကတော့ ထောင့်မှန်ကျကျ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး ပြီးခဲ့တဲ့နှစ်က Portal+ ဒီဇိုင်းနဲ့တူပါတယ်။ Portal Mini ကိုတော့ အလျားလိုက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Portal မှာ ၁၀ လက်မ display ပါဝင်ပြီး Portal Mini မှာတော့ ၈လက်မ display ပါဝင်လာပါတယ်။ Display အလင်းနဲ့အရောင်ကို ပတ်ဝန်းကျင်အရောင်နဲ့ ကိုက်ညီအောင် အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။ မော်ဒယ်၂ မျိုးစလုံး မှာ စပီကာလည်း ပါဝင်လာပါတယ်။

Portal TV ကတော့ ကွဲပြားခြားနားတဲ့ ထုတ်ကုန်ဖြစ်ပြီး တီဗီနဲ့တွဲဖက်အသုံးပြုနိုင်တဲ့ ထုတ်ကုန်တစ်မျိုး ဖြစ်ပါတယ်။ Portal TV ထုတ်ကုန်အသေးစားလေးကို တီဗီအနီးအနား နေရာချထားပြီး ဗီဒီယိုခေါ်ဆိုမှုတွေအတွက် တီဗီမျက်နှာပြင်နဲ့ Portal TV ကင်မရာတွေကို အသုံးပြုနိုင်ပါတယ်။ Portal မှာ Facebook Messenger အပြင် WhatsApp အသုံးပြုပြီး ဗီဒီယိုခေါ်ဆိုမှုတွေ ပြုလုပ်နိုင်ပါတယ်။ Storytime လို့ခေါ်တဲ့ feature မှာ ဆုရတဲ့ ကလေးစာအုပ်သစ် ၃ အုပ် (Llama Llama, Peter the Cat, Otto) တို့ပါဝင်လာပါတယ်။ Facebook Watch ကိုလည်းကြည့်ရှုနိုင်ပြီး Portal TV နဲ့ Red Table Talk လိုမျိုး အစီအစဉ်တွေကို ကြည့်ရှုနိုင်ပါတယ်။

Portal ထုတ်ကုန်တွေကို ဓာတ်ပုံပြသတဲ့ ဘောင်အဖြစ် အသုံးပြုနိုင်ပြီး သုံးစွဲသူ Facebook library က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မွေးနေ့သတိပေးတဲ့အရာအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Amazon Prime Video app ပါဝင်ပြီး SHOWTIME, CBS All Access, Starz, Pluto TV, Redbull TV နဲ့ Neverthink လိုမျိုး app တွေကို download ပြုလုပ်နိုင်ပါတယ်။ တေးဂီတအတွက် Spotify, Pandora နဲ့ iHeartRadio လည်းရှိပါတယ်။ သုံးစွဲသူ က Portal ထုတ်ကုန်ကို “Hey Portal” လို့ပြောပြီး ထိန်းချုပ်နိုင်သလို အမေရိကန်/ကနေဒါ အင်္ဂလိပ်ဘာသာစကားနဲ့ အသုံးပြုနိုင်ပါတယ်။ Portal ထုတ်ကုန်အားလုံးမှာ Alexa ပါဝင်ပြီး feature အားလုံးကို အသုံးပြုနိုင်ပါတယ်။

Facebook ဟာ သုံးစွဲသူ တစ်ကိုယ်ရေပိုင်းလုံခြုံရေးအတွက် ခလုတ်တစ်ခုနဲ့ ကင်မရာနဲ့ မိုက်ကို ပိတ်နိုင်အောင် ပြုလုပ်ပေးထားသလို ကင်မရာကိုလည်း ကာထားနိုင်တယ်လို့ ပြောထားပါတယ်။ ကင်မရာနဲ့ မိုက်ကရိုဖုန်း feature တွေက ထုတ်ကုန်မှာပဲ အသုံးပြုထားပြီး Facebook ရဲ့ဆာဗာတွေမှာ အသုံးမပြုထားပါဘူး။ ဗီဒီယိုနဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ end-to-end encrypt ကိုအသုံးပြုထားပါတယ်။

မော်ဒယ်သစ်တွေအတွက် ဈေးနှုန်းကတော့ Portal အတွက် ဒေါ်လာ ၁၇၉၊ Portal Mini အတွက် ဒေါ်လာ ၁၂၉ နဲ့ Portal TV အတွက် ၁၄၉ ဒေါ်လာတို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Portal+ မှာ ၁၅.၆ လက်မ display ကိုတော့ ၂၇၉ ဒေါ်လာနဲ့ ဆက်လက်ရောင်းချနေပါတယ်။ Portal TV ကို အနက်နဲ့ အဖြူပဲ ဝယ်ယူနိုင်မှာပါ။ Portal ကို အခြားဈေးကွက်တွေမှာ ဝယ်ယူနိုင်ပြီး ယူကေ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဩစတြေးလျနဲ့ နယူးဇီလန် အပြင် အမေရိကန်နဲ့ ကနေဒါမှာလည်း ဝယ်ယူနိုင်ပါတယ်။

စိုးထက်
Ref: GSMArena