Portal ကအမိန့်ပေးခိုင်းစေမှုတွေကို Facebook နားထောင်နေ

Facebook ဟာ သုံးစွဲသူတွေရဲ့ အသံ message တွေကို စာနဲ့ပြန်ရေးသားပြီး သုံးသပ်ဖို့ လူတွေငှားရမ်းမှုကို ရပ်တန့်သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

ဒါပေမဲ့ Portal ဗီဒီယိုခေါ်ဆိုမှု ထုတ်ကုန်ကနေ အသံတချို့ကို ရယူပြီး သုံးသပ်သွားမယ်လို့ သိရပါတယ်။

Facebook ဟာ ဩဂုတ်လမှာ လူတွေအသံကို သုံးသပ်မှုကို ရပ်တန့်ခဲ့ပါတယ်။ အဲဒီအချိန်က Facebook ဟာ Messenger app ကတစ်ဆင့်ပို့ပေးတဲ့ အသံ message တွေကို စာနဲ့ရေးသားဖို့ ကန်ထရိုက်တာတွေ ငှားရမ်းခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ ဆက်သွယ်ရေးတွေကို အခြားသူတွေက သုံးသပ်ခံရမယ့် ဖြစ်နိုင်ခြေတွေကို သတိမပေးခဲ့ပါဘူး။ အဲဒီကာလတုန်းက Facebook ကစုဆောင်းတဲ့ clip တွေမှာ Portal ကနေ အချက်အလက်တွေ ပါဝင်သလား ဆိုတာတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ “Hey Portal” ခိုင်းစေချက်ကို အသုံးပြုတဲ့ Portal သုံးစွဲသူတွေဆီကနေ အသံတွေ စုဆောင်းသွားမယ်လို့ Facebook ကအတည်ပြုခဲ့ပါတယ်။ အဲဒီ ခိုင်းစေချက်တွေကို Facebook ဆာဗာတွေပေါ်မှာ မှတ်တမ်းတင် သိမ်းဆည်းထားပြီး တချို့ကိုတော့ ခိုင်းစေချက်တွေ ကောင်းမွန်စွာနားလည်ဖို့ အသုံးပြုထားတဲ့ software algorithm တွေကို တိုးတက်ဖို့ ကန်ထရိုက်တာတွေနဲ့ မှတ်တမ်းတင်ခဲ့တယ်လို့ Facebook ရဲ့ hardware အကြီးအကဲ အန်ဒရူးဘော့ဝေါ့က ပြောခဲ့ပါတယ်။

စိုးထက်
Ref: Bloomberg