Port ေတြမ်ားစြာ ပါဝင္တဲ့ laptop အေသးစားကုိ VAIO ကုိမိတ္ဆက္

[ Zawgyi ]

VAIO ဟာ မ်က္ႏွာျပင္ ၁၂.၅ လက္မအရြယ္နဲ႔ I/O (input/output) port မ်ားစြာပါဝင္တဲ့ SX12 ကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ SX12 ဟာ S11 ေနရာဆက္ခံမယ့္ ထုတ္ကုန္ျဖစ္ၿပီး မ်က္ႏွာျပင္နဲ႔ keyboard ခလုတ္ေတြ ႀကီးမားၿပီး ထိေရာက္တဲ့ feature ေတြလည္း ပါဝင္လာပါတယ္။ SX12 ရဲ႕ ကုိယ္ထည္အရြယ္အစားကလည္း S11 လိုပဲ ပါးလႊာပါတယ္။

SX12 ထုတ္ကုန္မွာ USB-A port သံုးခုနဲ႔ အားသြင္းဖို႔အတြက္ USB-C တစ္ေပါက္၊ HDMI အျပင္ full-size SD card ေပါက္နဲ႔ နားၾကပ္/မိုက္ေပါက္၊ Ethernet port နဲ႔ VGA အေပါက္တို႔ ပါ၀င္လာပါတယ္။ ခလုတ္ေတြကလည္း ပိုမိုက်ယ္ျပန္႔လာၿပီး ေဘးေဘာင္လည္း ပါးလႊာပါတယ္။ SX12 မွာ Intel အ႒မေျမာက္မ်ိဳးဆက္ quad-core Core i5 ဒါမွမဟုတ္ i7 ပ႐ုိဆက္ဆာေတြကုိ ေရြးခ်ယ္ႏိုင္သလို LTE ေထာက္ပံ့မႈပါတဲ့ ေမာ္ဒယ္ကိုလည္း ေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ အေလးခ်ိန္က ၈၈၈ ဂရမ္ ဒါမွမဟုတ္ ၂ ေပါင္ေအာက္ပဲ ရွိပါတယ္။

VAIO S12 ကို ဂ်ပန္ႏိုင္ငံမွာ အခုတစ္ပတ္အတြင္း ေရာင္းခ်မွာ ျဖစ္ၿပီး storage နဲ႔ အေရာင္နဲ႔ ပ႐ိုဆက္ဆာအေပၚမူတည္ၿပီး ေဒၚလာ ၁,၁၀၀ ကေန ၂,၀၀၀ အၾကား ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

VAIO ဟာ မျက်နှာပြင် ၁၂.၅ လက်မအရွယ်နဲ့ I/O (input/output) port များစွာပါဝင်တဲ့ SX12 ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ SX12 ဟာ S11 နေရာဆက်ခံမယ့် ထုတ်ကုန်ဖြစ်ပြီး မျက်နှာပြင်နဲ့ keyboard ခလုတ်တွေ ကြီးမားပြီး ထိရောက်တဲ့ feature တွေလည်း ပါဝင်လာပါတယ်။ SX12 ရဲ့ ကိုယ်ထည်အရွယ်အစားကလည်း S11 လိုပဲ ပါးလွှာပါတယ်။

SX12 ထုတ်ကုန်မှာ USB-A port သုံးခုနဲ့ အားသွင်းဖို့အတွက် USB-C တစ်ပေါက်၊ HDMI အပြင် full-size SD card ပေါက်နဲ့ နားကြပ်/မိုက်ပေါက်၊ Ethernet port နဲ့ VGA အပေါက်တို့ ပါ၀င်လာပါတယ်။ ခလုတ်တွေကလည်း ပိုမိုကျယ်ပြန့်လာပြီး ဘေးဘောင်လည်း ပါးလွှာပါတယ်။ SX12 မှာ Intel အဋ္ဌမမြောက်မျိုးဆက် quad-core Core i5 ဒါမှမဟုတ် i7 ပရိုဆက်ဆာတွေကို ရွေးချယ်နိုင်သလို LTE ထောက်ပံ့မှုပါတဲ့ မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အလေးချိန်က ၈၈၈ ဂရမ် ဒါမှမဟုတ် ၂ ပေါင်အောက်ပဲ ရှိပါတယ်။

VAIO S12 ကို ဂျပန်နိုင်ငံမှာ အခုတစ်ပတ်အတွင်း ရောင်းချမှာ ဖြစ်ပြီး storage နဲ့ အရောင်နဲ့ ပရိုဆက်ဆာအပေါ်မူတည်ပြီး ဒေါ်လာ ၁,၁၀၀ ကနေ ၂,၀၀၀ အကြား ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: TheVerge