Pop-up slider နဲ႔ ကင္မရာသံုးခုပါဝင္တဲ့ Find X ကို Oppo မိတ္ဆက္

[ Zawgyi ]

Pop-up mechanism တစ္ခုအတြင္း ေက်ာဘက္ကင္မရာႏွစ္ခုနဲ႔ အေရွ႕ဘက္ကင္မရာတစ္ခုအျပင္ 3D facial scanning စနစ္တစ္ခုပါဝင္တဲ့ Find X flagship စမတ္ဖုန္းကို Oppo က မိတ္ဆက္လိုက္ပါတယ္။

အဲ့ဒီ mechanism မွာ ေမာ္တာပါဝင္ၿပီး စကၠန္႔ဝက္အတြင္း pop up လုပ္ေပးႏိုင္ပါတယ္။ Slide ကို အႀကိမ္ေပါင္း ၃၀၀,၀၀၀ အထိ စမ္းသပ္ထားၿပီး လူတစ္ေယာက္က တစ္ေန႔ကို ပွ်မ္းမွ် အႀကိမ္ ၁၀၀ ကေန ၁၅၉ အထိ unlock လုပ္ေၾကာင္း Oppo က ေျပာပါတယ္။ ဒါေၾကာင့္ ၾကာရွည္ခံႏိုင္မႈကို အနည္းဆံုး ငါးနွစ္အထိ စိုးရိမ္စရာမလိုဘူးလို႔ ဆိုပါတယ္။

တီထြင္ဆန္းသစ္တဲ့ slider ေၾကာင့္ ဖုန္းရဲ႕အေရွ႕ဘက္တစ္ခုလံုးကို ၆.၄ လက္မ OLED panel (1080p+ resolution) နဲ႔အတူ အလြန္ေသးငယ္တဲ့ bezel ေတြနဲ႔ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ Screen-to-boy အခ်ိဳးက ၉၂.၂၅ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ဖုန္းရဲ႕ေက်ာဘက္ကလည္း ကင္မရာေတြကို ျပန္လည္ထည့္သြင္းထားတဲ့အခါ အလြန္႐ိုးရွင္းသပ္ရပ္တာကို ေတြ႕ရမွာျဖစ္ပါတယ္။

Find X မွာ fingerprint reader မပါဝင္တာေၾကာင့္ ဖုန္းကို လံုၿခံဳစြာေသာ့ခတ္ထားဖို႔အတြက္ 3D facial scanning ကိုပဲ အသံုးျပဳရမွာျဖစ္ပါတယ္။ 3D facial scanning အတြက္ ကင္မရာက အေပၚကိုထြက္လာၿပီး သံုးစြဲသူရဲ႕မ်က္ႏွာကို scan လုပ္ကာ ဖုန္းကိုဖြင့္ေပးမွာျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာက 16MP +20MP ျဖစ္ၿပီး Selfie ကင္မရာက 25MP ျဖစ္ပါတယ္။ Selfie ကင္မရာနဲ႔ 3D AI selfie ေတြကို ဖန္တီးနိုင္ပါတယ္။

Find X မွာ Snapdragon 845 chipset ကို အသံုးျပဳထားပါတယ္။ RAM က 8GB ျဖစ္ၿပီး storage က 256GB ပါ။ ဘက္ထရီက 3,750mAh ျဖစ္ၿပီး VOOC fast charging ကို ေထာက္ပံ့ေပးထားပါတယ္။ Operating system က Android 8.1 Oreo ကိုအေျခခံထားတဲ့ Color OS 5.1 ျဖစ္ပါတယ္။

Find X ဟာ dual-SIM ဖုန္းျဖစ္ၿပီး ကမၻာတစ္ဝန္းက LTE band ေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒီစမတ္ဖုန္းကို ၾသဂုတ္လကစၿပီး အီတလီ၊ စပိန္၊ ျပင္သစ္နဲ႔ နယ္သာလန္တို႔မွာ ယူ႐ို ၉၉၉ နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Pop-up mechanism တစ်ခုအတွင်း ကျောဘက်ကင်မရာနှစ်ခုနဲ့ အရှေ့ဘက်ကင်မရာတစ်ခုအပြင် 3D facial scanning စနစ်တစ်ခုပါဝင်တဲ့ Find X flagship စမတ်ဖုန်းကို Oppo က မိတ်ဆက်လိုက်ပါတယ်။

အဲ့ဒီ mechanism မှာ မော်တာပါဝင်ပြီး စက္ကန့်ဝက်အတွင်း pop up လုပ်ပေးနိုင်ပါတယ်။ Slide ကို အကြိမ်ပေါင်း ၃၀၀,၀၀၀ အထိ စမ်းသပ်ထားပြီး လူတစ်ယောက်က တစ်နေ့ကို ပျှမ်းမျှ အကြိမ် ၁၀၀ ကနေ ၁၅၉ အထိ unlock လုပ်ကြောင်း Oppo က ပြောပါတယ်။ ဒါကြောင့် ကြာရှည်ခံနိုင်မှုကို အနည်းဆုံး ငါးနှစ်အထိ စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။

တီထွင်ဆန်းသစ်တဲ့ slider ကြောင့် ဖုန်းရဲ့အရှေ့ဘက်တစ်ခုလုံးကို ၆.၄ လက်မ OLED panel (1080p+ resolution) နဲ့အတူ အလွန်သေးငယ်တဲ့ bezel တွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Screen-to-boy အချိုးက ၉၂.၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်ကလည်း ကင်မရာတွေကို ပြန်လည်ထည့်သွင်းထားတဲ့အခါ အလွန်ရိုးရှင်းသပ်ရပ်တာကို တွေ့ရမှာဖြစ်ပါတယ်။

Find X မှာ fingerprint reader မပါဝင်တာကြောင့် ဖုန်းကို လုံခြုံစွာသော့ခတ်ထားဖို့အတွက် 3D facial scanning ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ 3D facial scanning အတွက် ကင်မရာက အပေါ်ကိုထွက်လာပြီး သုံးစွဲသူရဲ့မျက်နှာကို scan လုပ်ကာ ဖုန်းကိုဖွင့်ပေးမှာဖြစ်ပါတယ်။

ကျောဘက်ကင်မရာက 16MP +20MP ဖြစ်ပြီး Selfie ကင်မရာက 25MP ဖြစ်ပါတယ်။ Selfie ကင်မရာနဲ့ 3D AI selfie တွေကို ဖန်တီးနိုင်ပါတယ်။

Find X မှာ Snapdragon 845 chipset ကို အသုံးပြုထားပါတယ်။ RAM က 8GB ဖြစ်ပြီး storage က 256GB ပါ။ ဘက်ထရီက 3,750mAh ဖြစ်ပြီး VOOC fast charging ကို ထောက်ပံ့ပေးထားပါတယ်။ Operating system က Android 8.1 Oreo ကိုအခြေခံထားတဲ့ Color OS 5.1 ဖြစ်ပါတယ်။

Find X ဟာ dual-SIM ဖုန်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းက LTE band တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီစမတ်ဖုန်းကို သြဂုတ်လကစပြီး အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ နယ်သာလန်တို့မှာ ယူရို ၉၉၉ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena