Pop-up ကင်မရာ ပါဝင်လာတဲ့ Motorola ရဲ့ ဒေါ်လာ ၄၀၀ တန်ဖိုးရှိ One Hyper

Motorola ဟာ One မော်ဒယ်ဖုန်းတွေကို စမ်းသပ်နေတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ Motorola အနေနဲ့ အလယ်အလတ်တန်းစားနဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေအကြားက ကွာခြားချက်ကို ကျဉ်းမြောင်းအောင် ဆောင်ရွက်နေပါတယ်။ Motorola One Hyper ဟာ OnePlus 7 Pro အချက်အလက်တွေနဲ့ သိပ်မကွာခြားပါဘူး။

Motorola ဟာ One Hyper မှာ pop-up selfie ကင်မရာ အသုံးပြုထားတဲ့အတွက် မျက်နှာပြင်ရှေ့ဘက်မှာ notch မပါဝင်ပါဘူး။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ ရှိကာ ရုပ်ထွက်အရည်အသွေး 2340x 1080 ဖြစ်ပြီး screen-to-body အချိုးအစားက ၉၀ ရာခိုင်နှုန်း ရှိပါတယ်။

ဖုန်းမှာ 45W USB-C “hyper charging” ပါဝင်တဲ့အတွက် စမတ်ဖုန်းမှာ အမြန်ဆန်ဆုံး အားသွင်းစနစ် ပါဝင်လာတာ ဖြစ်ပါတယ်။

Motorola ရဲ့ One Hyper မှာ storage 128GB, RAM 4GB နဲ့ Snapdragon 675 ပရိုဆက်ဆာတို့ ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး သာမန်ဘက်ထရီထက် ကြီးမားပါတယ်။ အားတစ်ခါသွင်းထားရင် ၃၈ နာရီအထိ အဆက်မပြတ် အသုံးပြုနိုင်ပါတယ်။ ဒါ့ အပြင် 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။ Motorola One Hyper ကို Android 10 နဲ့အတူ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

One Hyper မှာ ကျောဘက်ကင်မရာ ၂ လုံး ပါဝင်ပြီး အဓိက ကင်မရာ 64-megapixel ဖြစ်ပြီး quad-pixel 16-megapixel ဖမ်းယူရိုက်ကူးနိုင်ကာ 8-megapixel ၁၁၈ ဒီဂရီ ultra-wide lens ပါဝင်လာပါတယ်။ One Hyper မှာ Motorola ရဲ့ပါဝင်နေကျ ကင်မရာ software ပါဝင်တဲ့အတွက် ကုမ္ပဏီက AI နဲ့ပံ့ပိုးထားတဲ့ night mode နဲ့ shot optimization feature တွေပါဝင်လာပါတယ်။ ရှေ့ဘက်က pop-up selfie ကင်မရာတွေက 32-megapixel lens ဖြစ်ပါတယ်။

One Hyper ကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Motorola One Hyper ကိုဒီဇင်ဘာ ၄ ရက်မှာ အမေရိကန်နိုင်ငံအတွင်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge