Pop-up ကင္မရာပါဝင္တဲ့ Xiaomi Mi MIX 3 ဒီဇိုင္း ေပါက္ၾကားထြက္ေပ

[Zawgyi]

Xiaomi ဟာ Mi MIX 2 ကို ၂၀၁၇ စက္တင္ဘာလမွာ မိတ္ဆက္ခဲ့တဲ့ေနာက္ Mi ပရိသတ္ေတြက Mi MIX 3 flagship ဖုန္းကို ဒီႏွစ္ စက္တင္ဘာလမွာ ပြဲထုတ္မိတ္ဆက္ႏိုင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ MIX 2S မွာ အဆင့္ျမွင့္ထားတဲ့ spec ေတြပါဝင္ေပမယ့္ ဒီဇိုင္းကေတာ့ Mi MIX 2S အတိုင္း တူညီခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္မယ့္ Mi MIX 3 မွာ ပိုေကာင္းတဲ့ spec ေတြအျပင္ ဒီဇိုင္းသစ္ကို ေတြ႕ျမင္ရႏိုင္ပါတယ္။

ေကာလာဟလသတင္းေတြကေတာ့ Mi MIX 3 မွာ ပါးလ်တဲ့ chin တစ္ခုနဲ႔အတူ Vivo NEX လို pop-up selfie ကင္မရာတစ္ခု ပါဝင္လာဖြယ္ရိွတယ္လို႔ ေဖာ္ျပထားပါတယ္။

MIUI 10 ကို အသံုးျပဳေနတဲ့ တ႐ုတ္ႏိုင္ငံက သံုးစြဲသူအခ်ိဳ႕ကေတာ့ ROM အတြင္းမွာ Xiaomi စမတ္ဖုန္းတစ္မ်ိဳးကို ေတြ႕ခဲ့ရၿပီး အဲ့ဒီဟန္းဆက္ရဲ႕ ဘယ္ဘက္ျခမ္းမွာ AI ခလုတ္တစ္ခု ထည့္သြင္းထားတယ္လို႔ ဆိုပါတယ္။ တ႐ုတ္စမတ္ဖုန္းကုမၸဏီရဲ႕ ဖုန္းေတြမွာ ဒီလိုဒီဇိုင္းမ်ိဳးကို တစ္ခါမွာ မသံုးထားတာေၾကာင့္ Mi MIX 3 ကို အလားတူ ဒီဇိုင္းနဲ႔ ေတြ႕ျမင္ရႏိုင္တယ္ဆိုတဲ့ ထင္ေၾကးေတြ ထြက္ေပၚလာပါတယ္။

အဆိုပါ ဟန္းဆက္မွာ AI ခလုတ္အျပင္ ေသးငယ္ပါးလ်တဲ့ chin တစ္ခုကို ျပသထားပါတယ္။ Xiaomi ဟာ အဲ့ဒီ စမတ္ဖုန္းဒီဇိုင္းပံုေတြကို MIUI 10 ကေန ဖယ္ရွားခဲ့တဲ့ေနာက္ အဲ့ဒီပံုေတြက အသစ္ထြက္မယ့္ Mi MIX 3 ရဲ႕ ဒီဇိုင္းေပါက္ၾကားမႈ ျဖစ္ႏိုင္တယ္ဆိုၿပီး Mi ပရိသတ္ေတြက ယံုၾကည္ထားပါတယ္။

အထက္ေဖာ္ျပပါ ဒီဇိုင္းပံုေတြမွာ အေရွ႕ဘက္ကင္မရာကို မျပသထားတာေၾကာင့္ Mi MIX 3 မွာ pop-up အေရွ႕ဘက္ကင္မရာ ပါဝင္လာႏိုင္ပါတယ္။ အဲ့ဒီ pop-up module မွာ selfie ကင္မရာအတြက္ LED flash တစ္ခု ပါဝင္တယ္လို႔ သတင္းေတြက ဆုိပါတယ္။ ဒါ့အျပင္ ဒီဟန္းဆက္မွာ in-display fingerprint scanner ပါဝင္လာႏိုင္တယ္လို႔လည္း ယူဆရပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္
[Unicode]

Xiaomi ဟာ Mi MIX 2 ကို ၂၀၁၇ စက်တင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့နောက် Mi ပရိသတ်တွေက Mi MIX 3 flagship ဖုန်းကို ဒီနှစ် စက်တင်ဘာလမှာ ပွဲထုတ်မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ MIX 2S မှာ အဆင့်မြှင့်ထားတဲ့ spec တွေပါဝင်ပေမယ့် ဒီဇိုင်းကတော့ Mi MIX 2S အတိုင်း တူညီခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်မယ့် Mi MIX 3 မှာ ပိုကောင်းတဲ့ spec တွေအပြင် ဒီဇိုင်းသစ်ကို တွေ့မြင်ရနိုင်ပါတယ်။

ကောလာဟလသတင်းတွေကတော့ Mi MIX 3 မှာ ပါးလျတဲ့ chin တစ်ခုနဲ့အတူ Vivo NEX လို pop-up selfie ကင်မရာတစ်ခု ပါဝင်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

MIUI 10 ကို အသုံးပြုနေတဲ့ တရုတ်နိုင်ငံက သုံးစွဲသူအချို့ကတော့ ROM အတွင်းမှာ Xiaomi စမတ်ဖုန်းတစ်မျိုးကို တွေ့ခဲ့ရပြီး အဲ့ဒီဟန်းဆက်ရဲ့ ဘယ်ဘက်ခြမ်းမှာ AI ခလုတ်တစ်ခု ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီရဲ့ ဖုန်းတွေမှာ ဒီလိုဒီဇိုင်းမျိုးကို တစ်ခါမှာ မသုံးထားတာကြောင့် Mi MIX 3 ကို အလားတူ ဒီဇိုင်းနဲ့ တွေ့မြင်ရနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါ ဟန်းဆက်မှာ AI ခလုတ်အပြင် သေးငယ်ပါးလျတဲ့ chin တစ်ခုကို ပြသထားပါတယ်။ Xiaomi ဟာ အဲ့ဒီ စမတ်ဖုန်းဒီဇိုင်းပုံတွေကို MIUI 10 ကနေ ဖယ်ရှားခဲ့တဲ့နောက် အဲ့ဒီပုံတွေက အသစ်ထွက်မယ့် Mi MIX 3 ရဲ့ ဒီဇိုင်းပေါက်ကြားမှု ဖြစ်နိုင်တယ်ဆိုပြီး Mi ပရိသတ်တွေက ယုံကြည်ထားပါတယ်။

အထက်ဖော်ပြပါ ဒီဇိုင်းပုံတွေမှာ အရှေ့ဘက်ကင်မရာကို မပြသထားတာကြောင့် Mi MIX 3 မှာ pop-up အရှေ့ဘက်ကင်မရာ ပါဝင်လာနိုင်ပါတယ်။ အဲ့ဒီ pop-up module မှာ selfie ကင်မရာအတွက် LED flash တစ်ခု ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်မှာ in-display fingerprint scanner ပါဝင်လာနိုင်တယ်လို့လည်း ယူဆရပါတယ်။

Ref: GizmoChina
-နောင်နောင်