Point Youth Platform မိတ္ဆက္ပြဲကို အေမရိကန္စင္တာတြင္ က်င္းပခဲ့

[ Zawgyi ]

ကိုယ္ပိုင္စီးပြားေရး စတင္လုပ္ကိုင္လိုသူေတြ၊ တိုးတက္မႈလမ္းစ ရွာေဖြေနသူ လူငယ္ေတြအတြက္ အခြင့္အလမ္းမ်ား ေ၀မွ်ရာနဲ႔ ခ်ိတ္ဆက္ေပးတဲ့ Platform တစ္ခုျဖစ္တဲ့ Point Youth Platform မိတ္ဆက္ပြဲကို ဇြန္လ ၃၀ ရက္က အေမရိကန္စင္တာမွာ က်င္းပခဲ့ပါတယ္။

Point Youth Platform သည္ လူငယ္လုပ္ငန္းရွင္မ်ား သိသင့္သိထိုက္တဲ့ သတင္းအခ်က္အလက္မ်ားနဲ႔ ဗဟု သုတရဖြယ္ အေၾကာင္းအရာမ်ားကို Digital Media အျဖစ္တင္ဆက္ေပးျခင္း၊ စီးပြားေရးဆိုင္ရာခ်ိတ္ဆက္ ေဆာင္ရြက္ျခင္းမ်ား ပိုမိုျပဳလုပ္ႏိုင္ရန္ Networking Event မ်ားနဲ႔ အသိအျမင္တိုးတက္ေစရန္ ေဟာေျပာေဆြး ေႏြးပြဲမ်ားကိုလည္း က်င္းပျပဳလုပ္ေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

ဒီဂ်စ္တယ္မီဒီယာမွာ ကိုယ္ပိုင္စီးပြားေရး စတင္လုပ္ကိုင္လိုသူ လူငယ္မ်ားအတြက္ သိသင့္သိထိုက္တဲ့ စီးပြားေရးဆိုင္ရာ သတင္းမ်ား၊ လုပ္ငန္းခြင္ တိုးတက္ေရးနည္းဗ်ဴဟာမ်ား၊ ပညာေရးနဲ႔ သက္ဆိုင္တဲ့ သတင္းမ်ား၊ ႏိုင္ငံတကာပညာသင္ဆုမ်ား၊ ျမန္မာ့လူငယ္ လုပ္ငန္းရွင္မ်ားရဲ႕ ဘဝနဲ႔ႀကိဳးစား႐ုန္းကန္ေနတဲ့ လူငယ္မ်ားရဲ႕ ဘဝဇာတ္ေၾကာင္းေတြကိုလည္း တင္ဆက္ေပးလ်က္ရွိတယ္လုိ႔ သိရပါတယ္။

Point Platform ကို အေမရိကန္သံ႐ံုးက ေပးအပ္တဲ့ YSEALI Social Enterprise and Economic Development Fellowship ရရွိျခင္းက စတင္တည္ေထာင္ခဲ့ျခင္းျဖစ္တယ္လို႔ Point Youth Platform တည္ေထာင္သူ မန္ေနးဂ်င္းဒါ႐ုိက္တာျဖစ္သူ မရတနာက ေျပာခဲ့ပါတယ္။

-ေဝေဝ

[ Unicode ]

ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်လိုသူတွေ၊ တိုးတက်မှုလမ်းစ ရှာဖွေနေသူ လူငယ်တွေအတွက် အခွင့်အလမ်းများ ဝေမျှရာနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်တဲ့ Point Youth Platform မိတ်ဆက်ပွဲကို ဇွန်လ ၃၀ ရက်က အမေရိကန်စင်တာမှာ ကျင်းပခဲ့ပါတယ်။

Point Youth Platform သည် လူငယ်လုပ်ငန်းရှင်များ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်များနဲ့ ဗဟု သုတရဖွယ် အကြောင်းအရာများကို Digital Media အဖြစ်တင်ဆက်ပေးခြင်း၊ စီးပွားရေးဆိုင်ရာချိတ်ဆက် ဆောင်ရွက်ခြင်းများ ပိုမိုပြုလုပ်နိုင်ရန် Networking Event များနဲ့ အသိအမြင်တိုးတက်စေရန် ဟောပြောဆွေး နွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒီဂျစ်တယ်မီဒီယာမှာ ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်လိုသူ လူငယ်များအတွက် သိသင့်သိထိုက်တဲ့ စီးပွားရေးဆိုင်ရာ သတင်းများ၊ လုပ်ငန်းခွင် တိုးတက်ရေးနည်းဗျူဟာများ၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ သတင်းများ၊ နိုင်ငံတကာပညာသင်ဆုများ၊ မြန်မာ့လူငယ် လုပ်ငန်းရှင်များရဲ့ ဘဝနဲ့ကြိုးစားရုန်းကန်နေတဲ့ လူငယ်များရဲ့ ဘဝဇာတ်ကြောင်းတွေကိုလည်း တင်ဆက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Point Platform ကို အမေရိကန်သံရုံးက ပေးအပ်တဲ့ YSEALI Social Enterprise and Economic Development Fellowship ရရှိခြင်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့ Point Youth Platform တည်ထောင်သူ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ မရတနာက ပြောခဲ့ပါတယ်။

-ဝေဝေ