
Spotify ဟာ podcast နားထောင်သူတွေအနေနဲ့ အစီအစဉ်သစ်တွေ ရှာဖွေနားထောင်နိုင်ဖို့ podcast ဇယားကွက်ကို ပြင်ဆင်လိုက်ပါတယ်။ ဒီဇိုင်းသစ်မှာ ကျော်ကြား၊ အငြင်းပွားဖွယ်ရာ podcast တွေ ပါဝင်လာပြီး Apple Podcasts လိုမျိုး app တွေနဲ့ ယှဉ်ပြိုင်လာနိုင်ပါတယ်။
Trending နဲ့ Top လို့ခေါ်တဲ့ ဇယားနှစ်ခု ပါဝင်လာပါတယ်။ Trending မှာတော့ လူအများဆုံး နားထောင်မှု အများဆုံးဖြစ်နိုင်တဲ့ အစီအစဉ် ၅၀ ကို ပြသပေးပါမယ်။ Top မှာတော့ ရေပန်းအစားဆုံး အစီအစဉ် ၂၀၀ ကို ပြသပေးပြီး ဒေသအလိုက် ကွဲပြားမှုရှိပါမယ်။ Top မှာတော့ ဒေသအလိုက် ကဏ္ဍအမျိုးမျိုးဖြစ်တဲ့ business, comedy နဲ့ technology တို့ခွဲခြားထားပါမယ်။ အခုဒီဇိုင်းကို အမေရိကန်၊ မက္ကဆီကို၊ ယူကေ၊ ဘရာဇီးနဲ့ ဂျာမနီ အပါအဝင် နိုင်ငံ ၂၆ နိုင်ငံအတွက် ဖြန့်ချိထားပါတယ်။ Top နဲ့ Trending ကဏ္ဍတွေကိုတော့ နေ့စဉ် update လုပ်ပေးပါတယ်။
စိုးထက်
Ref: TheVerge