Podcast တွေကို အကြုံပြု ဖော်ပြပေးမယ့် Spotify

Spotify ဟာ သီချင်းချစ်သူတွေအကြားမှာ ရေပန်းစားတဲ့ app တစ်ခုဖြစ်ပါတယ်။ နှစ်အနည်းငယ်အတွင်း Spotify ဟာ podcast ကိုလည်း အကောင်းဆုံးဖြစ်အောင် အားထုတ်နေပါတယ်။

Podcast တွေဟာ ပိုမိုကျော်ကြားလာပြီး ခေတ်မီစတူဒီယိုတွေကို အသုံးပြုလာကြပါတယ်။ ဒီနှစ်အစောပိုင်းမှာ Spotify ဟာ podcast tab ကိုထည့်သွင်းပြီးနောက် အခုအခါမှာ podcast တွေကို နေ့စဉ် playlist ပုံစံပြသ အကြံပြုပေးသွားမှာ ဖြစ်ပါတယ်။

Spotify ရဲ့ ‘Daily Mix နဲ့ ‘Discover Weekly’ feature တွေနဲ့ဆင်တူပါတယ်။ အခု podcast playlist အသစ်က သုံးစွဲသူ စိတ်ဝင်စားနိုင်တဲ့ podcast အမျိုးအစားကို ဖော်ပြပေးဖို့ Spotify ရဲ့ algorithm တွေ အသုံးပြုထားပါတယ်။ သုံးစွဲနားထောင်တဲ့ podcast တစ်ခု အပိုင်းသစ်နဲ့ အရင်ကာလ နားထောင်ခဲ့တာအပေါ် မူတည်ပြီး podcast အသစ်အတွက် အကြံပြုချက်တွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။ Spotify အနေနဲ့ ဇာတ်လမ်းအသားပေး podcast တွေက ဇာတ်လမ်းမပျက်စီးစေဖို့ trailer ဒါမှမဟုတ် ပထမဆုံးအပိုင်းကို အရင်ပြသပေးမယ်လို့ ပြောခဲ့ပါတယ်။

အခု feature ကို အခမဲ့နဲ့ ပရီမီယမ်သုံးစွဲသူတွေအတွက် ဖြန့်ချိထားပါတယ်။ လက်ရှိမှာ အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ဆွီဒင်၊ မက္ကဆီကို၊ ဘရာဇီး၊ ကနေဒါ၊ ဩစတြးလျနဲ့ နယူးဇီလန်မှာ ဖြန့်ချိထားပါတယ်။ သုံးစွဲသူအနေနဲ့ podcast အကြံပေးစာရင်း ရရှိဖို့ အစီအစဉ် ၄ ခု နားထောင်ရမှာ ဖြစ်ပါတယ်။ နားထောင်ပြီးတဲ့အခါ playlist ကို ရှာဖွေဖို့ Browse menu အတွင်း ‘Made for you’ ဒါမှမဟုတ် ‘Your Top Podcasts’ မှာသွားကြည့်နိုင်ပါတယ်။

စိုးထက်
Ref: TheNextWeb