
Price : 829,000 Ks (8/256GB)
အားသာချက်
ကိုယ်ထည် တည်ဆောက်ထားမှု ကွာလတီပိုင်းကောင်းမွန်သလို ကွဲပြားတဲ့ ဒီဇိုင်းသွင်ပြင်ကလည်း ဆွဲဆောင်မှုရှိပါတယ်။ မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ OLED Display ရဲ့ တောက်ပမှုနဲ့ ရုပ်ထွက်ကာလာပိုင်း ကောင်းမွန်မှု၊ အဓိက ကင်မရာရဲ့ ကောင်းမွန်တဲ့ Night mode လုပ်ဆောင်ချက်နဲ့ macro ကင်မရာစနစ်၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေအပြင် 30W Fast charging အားသွင်းမြန်တဲ့ နည်းပညာတွေထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်လို့ ဆိုရမှာပါ။
အားနည်းချက်
ဖုန်းကိုယ်ထည်က ထူပြီး အနည်းငယ် လေးတယ်လို့လည်း ခံစားရပါတယ်။ ဒီဖုန်းမှာ ထည့်သွင်းထားတဲ့ fingerprint scanner က အနည်းငယ် နှေးတယ်လို့ ခံစားရတာ၊ Display က 60Hz refresh rate အထိသာ အမြင့်ဆုံး ထောက်ပံ့ပေးနိုင်တာ၊ telephoto ကင်မရာ မပါဝင်တာ၊ စပီကာက စတူဒီယိုစပီကာ မဟုတ်တာနဲ့ Wireless charging ကြိုးမဲ့အားသွင်းစနစ်တွေ မပါဝင်တာကတော့ ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
Poco F2 Pro မှာ Qualcomm Snapdragon 865 processor ၊ Adreno 650 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB စတဲ့ မြင့်မားတဲ့ hardware စနစ်ကို အသုံးပြုထားပြီး ပိုမို ချောမွေ့ကောင်းမွန်တဲ့ MIUI 11 OS စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။ high-end 3D ဂိမ်းတွေ ကစားနိုင်မှာဖြစ်သလို နေ့စဉ်အသုံးပြုတဲ့ ဆိုရှယ်မီဒီယာ App သုံးခုလောက်ကို တစ်ပြိုင်တည်း သုံးတာမျိုးလောက် တစ်ပြိုင်တည်းအတွက်တွေ နှေးသွားတာမျိုး လုံးဝမရှိတာ သဘောကျစရာပါ။ Game Turbo စနစ်က ဂိမ်းနဲ့ပတ်သက်သမျှတွေကို အကောင်းဆုံး ထိန်းချုပ် အသုံးပြုနိုင်မှာဖြစ်သလို ဂိမ်းစွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံး မြှင့်တင်ပေးပါတယ်။ GeekBench 5.1 (multi-core) ရမှတ် ၃၃၃၂ ရှိပြီ 3DMark SSE Vulkan 1440p ရမှတ်ကတော့ ၆၆၆၀ ရှိပါတယ်။ လက်ဗွေစနစ်က လက်ခံနိုင်လောက်အောင် မြန်ဆန်မှုရှိပေမယ့် ဖုန်းကို unlock လုပ်တဲ့ Animation ကတော့ နှေးတယ်လို့ခံစားရပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
|
|
အရည်အသွေးမြင့် ပရီမီယံဒီဇိုင်းက အရင်က မြင်ဖူးသလိုရှိတယ်လို့ ထင်ရမှာပါ။ ဘာလို့လဲဆိုတော့ Redmi K30 Pro ကိုယ်ထည်ဒီဇိုင်းကိုပဲ Poco F2 Pro မှာ အသုံးပြုထားတာကြောင့် ဖြစ်ပါတယ်။ ရှေ့နောက်မျက်နှာပြင် နှစ်ခုလုံးကို Gorilla Glass 5 နဲ့ ဖုန်းအုပ်ထားပြီး ပတ်လည်ဘောင်တွေကတော့ အလူမီနီယံကိုယ်ထည် ဖြစ်ပါတယ်။ K30 Pro လိုမျိုးပဲ ကင်မရာလေးလုံးကို ကျောဘက်မှာ အဝိုင်းပုံစံနဲ့ ထည့်သွင်းထားပေမယ့် ဒီဖုန်းမှာ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံပြောင်းလဲထားပါတယ်။ ရှေ့ဘက် selfie ကင်မရာကို Pop-up ပုံစံနဲ့ အပေါ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားပြီး လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ Screen ထဲမှာ ထည့်သွင်းထားတဲ့ under display လက်ဗွေစနစ် ဖြစ်ပါတယ်။ ညာဘက် ဘေးဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေ ထည့်သွင်းထားပါတယ်။ အပေါ်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်နဲ့ IR Blaster စနစ်တွေကို တပ်ဆင်ထားပြီး အောက်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ စပီကာကို USB အားသွင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မရှိတဲ့ ဒီဖုန်းရဲ့ Super AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၇.၂ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 395ppi ရှိပါတယ်။ Fullscreen မျက်နှာပြင်က တောက်ပမှုရှိသလို ရုပ်ထွက်ကာလာ contrast ပိုင်းကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာအသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းက ကျေနပ်စရာပါ။ Display မှာ HDR10+ စနစ်လည်းထောက်ပံ့ပါဝင်ပါတယ်။ Flagships ဖုန်းတော်တော်များများက 90Hz နဲ့ 120Hz refresh rate ရှိတဲ့ Display တွေအသုံးပြုလာကြပြီဖြစ်ပေမယ့် Poco F2 Pro Screen ရဲ့ refresh rate ကတော့ 60Hz ပဲရှိတာ စိတ်ပျက်စရာပါ။
ကင်မရာ
|
|
|
|
|
|
|
Poco F2 Pro ရဲ့ ကင်မရာက အခြားပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် နောက်ကျ ကျန်ခဲ့မယ့်ထဲတော့ မပါဘူးလို့ ပြောရမှာပါ။ အဓိက ကျောဘက်ကင်မရာက ကြီးမားတဲ့ high pixel-count sensor အမျိုးအစားဖြစ်ပြီး PDAF နည်းပညာ ထောက်ပံ့ပါဝင်တဲ့ အဓိက 64MP ကင်မရာ၊ ၁၂၃ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 13MP ကင်မရာ၊ အနုစိတ်နဲ့ 2X tele ရိုက်ကူးနိုင်တဲ့ 5MP macro ကင်မရာနဲ့ နောက်ခံဝါးဝါး Potrait ပုံတွေရိုက်ကူးနိုင်မယ့် 2MP depth ကင်မရာ စုစုပေါင်း လေးလုံးပါဝင်ပါတယ်။ 2x tele က 50mm focal length နဲ့ ရိုက်ကူးနိုင်အောင်သာ ထောက်ပံ့ပေးတာဖြစ်ပြီး တကယ့် telephoto ကင်မရာလိုတော့ ရိုက်ကူးနိုင်မှာမဟုတ်ပါဘူး။ နေ့ပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်ရှိသလို ညပိုင်းရိုက်ကူးမှုအတွက် night mode ထောက်ပံ့ပါဝင်ပြီး ရုပ်ထွက်ပိုင်းက ကျေနပ်စရာပါ။ ကင်မရာစနစ်မှာ AI, HDR, Macro mode, Filters စတဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး ရှေ့ဘက် 20MP Pop-up selfie ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်မှာဖြစ်ပြီး Portrait mode ဖွင့်ရိုက်မယ်ဆိုရင်တော့ ပိုပြီး ကြည့်ရတာ နူးညံ့ပြေပြစ်တဲ့ selfie ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာနဲ့ 8K အရည်အသွေး ဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်မှာဖြစ်သလို ဗီဒီယိုရိုက်ကူးမှုအတွက် EIS stabilization စနစ် ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
|
|
|
|
|
ဒီဖုန်းမှာ ကြီးမားတဲ့ 4700 mAh ဘက်ထရီကို ထည့်သွင်းထားပြီး 30W fast charging အားသွင်းမြန်ဆန်တဲ့ နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။ USB Power Delivery 3.0 နည်းပညာက ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အားအပြည့်ကို ၆၄ မိနစ်အတွင်း သွင်းပေးနိုင်ပြီး အားအပြည့်သွင်းထားရင် ၂ ရက်လောက် ကောင်းကောင်းအသုံးပြုနိုင်တာက သဘောကျစရာပါ။ အဲလို ကြာကြာအသုံးပြုနိုင်တာကလည်း MIUI ရဲ့ ကောင်းမွန်တဲ့ RAM စီမံတဲ့စနစ်မူနဲ့ high-refresh-rate display မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖုန်းပြောတာကို ၃၆:၂၆ နာရီ၊ အွန်လိုင်းအသုံးပြုမှုကို ၁၆:၄၅ နာရီ၊ ဗီဒီယိုဆက်တိုက်ဖွင့်ထားတာကို ၂၅:၁၆ နာရီကြာ အသုံးပြုနိုင်တာက ပုံမှန်မြင်ကွင်းကျယ်ဖုန်းတစ်လုံးက အသုံးပြုနိုင်တဲ့ ကြာချိန်ထက် ပိုကြာတဲ့ ရလဒ်လို့ဆိုရမှပါ။
သုံးသပ်ချက်
ဈေးနှုန်းသင့်တင့်တဲ့ Poco F2 Pro က ထိပ်တန်း Hardware စနစ်တွေထည့်သွင်းထားသလို ကောင်းမွန်တဲ့ ကင်မရာစနစ်၊ ရုပ်ထွက်ပိုင်းမြင့်မားတဲ့ Display နဲ့ အချိန်ကြကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေ ပါဝင်တာက နှစ်သက်စရာကောင်းလှပါတယ်။ Telephoto ကင်မရာ မပါဝင်တာက မိမိအတွက် အဆင်ပြေတယ်၊ မိမိက 60Hz Display လည်း သုံးလို့ရတယ်ဆိုရင်တော့ ထိပ်တန်း Flagships စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပြီး ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ Poco F2 Pro က ပေးရတဲ့ တန်ဖိုးနဲ့ တန်အောင်သုံးရမယ့် ဖုန်းတစ်လုံးဖြစ်သလို price-to-performance မျှတတဲ့ flagship ဖုန်းတစ်လုံးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း