PMGC ဖွင့်ပွဲအခမ်းအနားတွင် အမေရိကန်ဒေါ်လာ ၁၄ သန်း ပေးအပ်ချီးမြှင့်မည့် 2021 Esports အစီအစဉ်ကို မိတ်ဆက်ပေးခဲ့

PUBG MOBILE မှ PMGC ဖွင့်ပွဲအခမ်းအနားမှာ 2021 Esports အစီအစဉ်ကို စတင် မိတ်ဆက်ပေးခဲ့ပြီး အမြင့်ဆုံးဆုကြေးငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်းကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
၂၀၂၁ အစီအစဉ်မှာ PMPL ပြိုင်ပွဲများ ကျင်းပပြီး ဖြစ်တဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှတို့ အပြင် PUBG MOBILE Pro League (PMPL) ဒေသသစ် (၇) နေရာဖြစ်တဲ့ CIS နိုင်ငံများ၊ တူရကီ၊ အနောက်ဥရောပ၊ အာရေဗျ၊ မြောက်အမေရိကား၊လက် တင်အမေရိကားနဲ့ ဘရာဇီးတို့မှာလည်း မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ ၂၀၂၁ အစီအစဉ်ရဲ့ PMCO နဲ့ PMPL များကို နှစ်ရာသီခွဲ၍ ကျင်းပပေးသွားမှာဖြစ်ပြီး PUBG MOBILE Global Championship (PMGC) ကို နှစ်ကုန်ပိုင်းမှာ ပြုလုပ်ပေးသွားမယ်လို့ သိရပါ တယ်။ PMCO နွေဦးရာသီအတွက် မှတ်ပုံတင်ခြင်းကို ၂၀၂၁ ခုနှစ်ဇန် နဝါရီလ ၁ ရက်မှာ စတင်လက်ခံမှာဖြစ်ပြီးဇန်နဝါရီ ၂၄ ရက်မှာ စာရင်းပိတ်မယ်လို့သိရပါတယ်။ PMPL နှင့် PMCO ဒေသအသစ် တွေနဲ့အတူ တိုးချဲ့ထားတဲ့ အစီ အစဉ်တို့အပြင် ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း ကျွမ်းကျင်ကစားသမား အသင်းများမှ နွေဦးရာသီမှာ အိမ် ရှင်အဖြစ်ကျင်းပမယ့် စိတ်လှုပ်ရှားဖွယ် (PUBG MOBILE Invitationals) ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ အစီအစဉ်သစ်ကို Mobile Esports Calendar ရဲ့ အအောင်မြင်ဆုံးပွဲစဉ်ဖြစ်တဲ့ ၂၀၂၀ ရာသီနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ PMGC ဖွင့်ပွဲ အခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နောက်ဆုံးပွဲစဉ်မှာ ပရိသတ်များကို PUBG MOBILE အမြင့်ဆုံးပြိုင်ပွဲရဲ့စိတ် လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ကို ပေးနိုင်ရန် ကမ္ဘာတစ်ဝန်း မှ အကောင်းဆုံး ကျွမ်းကျင်ကစား သမားအသင်း ၂၄ သင်းမှ လေး ပတ်အတွင်းတွင် ထိပ်တိုက်လိဂ် အသင်းများဖြင့် ယှဉ်ပြိုင်ကစား ကြမှာဖြစ်တယ်လို့ သိရပါတယ် ။ကစားသမားများသည် PUBG MOBILE Single Tournament မှာ မယုံနိုင်လောက်အောင် ပေးအပ် ချီးမြှင့်မယ့် အကြီးမားဆုံးသော ဆုတစ်ခုဖြစ်တဲ့ ဒေါ်လာ ၂ မီလီယံ အတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ကြောင်း PMGC လိဂ်ကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး PMGC Finals ကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင်ပြုလုပ်မှာ ဖြစ်ပါတယ်။

“၂၀၂၀ ပြည့်နှစ်က ကျွန်တော် တို့အတွက်တော့ နယ်ပယ်အစုံကို ချဲ့ထွင်နိုင်ခဲ့ပြီး Amateur To Pro Ecosystem ကို ပြုလုပ်နိုင် ခဲ့တဲ့အတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့နှစ်ပါ။ ဒါပေမဲ့ ဒါက အခုမှ အစပဲရှိပါသေးတယ်။ Mobile Esports လောက ထဲမှာ နယ်ပယ်တွေ ချဲ့ထွင်နေရုံ သာ မကဘဲ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး Esport ထဲမှ တစ်ခုဖြစ်လာဖို့နဲ့ အခြား ကမ္ဘာ့အကြီးမားဆုံး Games တွေနဲ့ ပခုံးချင်း ယှဉ်ရပ်တည်နိုင်ဖို့ ရဉ်မှန်းချက်ကြီး ရှိပါတယ်” လို့ PUBG MOBILE Global Esports ရဲ့ ဒါရိုက်တာ James Yang က ပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««