PlayStation Vue ဝန်ဆောင်မှုကို Sony ပိတ်သိမ်းတော့မည်

Sony အနေနဲ့ PlayStation Vue ကို ဝယ်ယူမယ့်သူ ရှာဖွေမှု မအောင်မြင်တဲ့အတွက် ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ PlayStation Vue ဟာ တိုက်ရိုက်ထုတ်လွှင့်မှု ပထမဆုံး ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ PlayStation Vue ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

Sony ရဲ့ PlayStation Vue ဟာ Hulu Live TV, YouTube TV နဲ့ AT&T TV NOW လိုမျိုး ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ရာမှာ အခက်တွေ့ခဲ့ပါတယ်။ Sony အနေနဲ့ PlayStation Vue ငွေကြေးဆုံးရှုံးမှုကြောင့် စရိတ်ကာမိစေဖို့ ဈေးနှုန်းတိုးမြှင့်ခဲ့ပြီး plan တွေအားလုံးကို ၅ ဒေါ်လာ အဖြစ် သတ်မှတ်လိုက်ပါတယ်။

“ကံမကောင်းစွာနဲ့ ပြိုင်ဆိုင်မှုမြင့်မားလာတဲ့ အခပေး တီဗီလုပ်ငန်းနဲ့အတူ ဈေးနှုန်းမြင့်မားတဲ့ content နဲ့ ကွန်ရက်သဘောတူညီမှုတွေက အပြောင်းအလဲလုပ်ဖို့ ထင်ထားတာထက် ကြန့်ကြာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဓိက gaming လုပ်ငန်းအပေါ် အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ Sony က PlayStation Vue ပိတ်သိမ်းမှုနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပါတယ်။ PlayStation ပရိသတ်တွေ အနေနဲ့ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို PS4 ပေါ်က PlayStation Store အပြင် ကုမ္ပဏီနဲ့ပူးပေါင်းထားတဲ့ ထိပ်တန်းဖျော်ဖြေရေး တွေကတစ်ဆင့်လည်း ကြည့်ရှုနိုင်ပါတယ်။

စိုးထက်
Ref: TheVerge