PlayStation VR မှာထွက်ရှိမယ့် Minecraft

PlayStation VR ပိုင်ဆိုင်သူတွေအနေနဲ့ ဂိမ်းစက်ပေါ်မှာ Minecraft ဂိမ်းကို ကစားနိုင်ပါတော့မယ်။ ဒီလအတွင်းSony ဟာ Microsoft ရဲ့နာမည်ကျော် တည်ဆောက်ရေးဂိမ်း Minecraft ကို အခမဲ့ အဆင့်မြှင့်တင် ထောက်ပံ့သွားမယ်လို့ ပြောခဲ့ပါတယ်။

“PlayStation 4 မှာ Minecraft ရှိသူတိုင်း patch အလိုအလျောက် ရရှိပါမယ်” လို့ Sony ကပြောခဲ့ပါတယ်။ သုံးစွဲသူက အဲဒီ patch ကို download လုပ်လိုက်တာနဲ့ Minecraft VR လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါမယ်။

Minecraft ကို VR မှာ နည်းလမ်း ၂ မျိုး နဲ့ ကစားနိုင်ပါမယ်။ အဲဒါကတော့ immersive နဲ့ Living Room ပဲဖြစ်ပါတယ်။

Minecraft ဖန်တီးသူ Mojang ဟာ ၂၀၁၉ ခုနှစ်မှာ PlayStation 4 အတွက် cross-platform ထောက်ပံ့ပြီးနောက် PlayStation VR ထောက်ပံ့မှုကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««