PlayStation 5 UI ဝေဖန်ခံနေရ

ဂျာနယ်လစ်တချို့ကတော့ PlayStation 5 UI ကိုဝေဖန်နေကြပါတယ်။

PlayStation 5 Activity Card တွေကတော့ စိတ်အနှောင့်အယှက် ဖြစ်စေပြီး အလုပ်နဲ့တူတယ်လို့ ပြောခဲ့ပါတယ်။ ဂိမ်းစက်အသစ်ရဲ့UI ကအရေးပါဆုံး တစ်ခု ဖြစ်ပါတယ်။ Sony ကတော့ dashboard ပေါ်မှာ အသေးစိတ် ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ PS5 ဟာ နိုဝင်ဘာလမှာ ထွက်ရှိတဲ့အခါ သီးသန့်ဂိမ်း မပါဝင်တဲ့အတွက် Sony ကို ပိုမို ဝေဖန်နေကြပါတယ်။ sony က နိုဝင်ဘာလ ၁၂ ရက်မှာ Destruction AllStars ဂိမ်း ပါဝင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အဲဒီဂိမ်းကိုတော့ ဖေဖော်ဝါရီလမှ ဖြန့်ချိမှာ ဖြစ်ပြီး PlayStation Plus လစဉ်ကြေးပေးသွင်းသူတွေ အခမဲ့ကစားနိုင်ပါမယ်။

-စိုးထက်
Ref: ScreenRant

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««