PlayStation 5 နဲ့ Xbox Series X ဂိမ်းစက်အကြားက ခြားနားချက်များ

ဒီတစ်ပတ်မှာ Sony နဲ့ Microsoft ကဂိမ်းစက်အသစ်တွေရဲ့ နည်းပညာပိုင်း အသေးစိတ်ကို ထုတ်ဖော်လိုက်ပါတယ်။ Sony PlayStation 5 နဲ့ Xbox Series X ဂိမ်းစက်တွေ ဆင်တူတာ ရှိပေမယ့် အနည်းငယ်ကွာခြားပါတယ်။

CPU

PlayStation 5: Custom Zen 2 CPU နဲ့ 3.5 GHz core ၈ခု (ကြိမ်နှုန်းတွေ အမျိုးမျိုးထောက်ပံ့ပေး)

Xbox Series X: Custom Zen 2 CPU နဲ့ 3.8 GHz core ၈ခု (3.66 GHz နဲ့ တစ်ပြိုင်နက်တည်း Multithreading လုပ်ပေးနိုင်)

ဂိမ်းစက်သစ်တွေရဲ့ CPU တွေက AMD ရဲ့ Zen 2 မိုက်ကရိုတည်ဆောက်မှုကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ မိုက်ကရိုတည်ဆောက်မှုမှာ တတိယမျိုးဆက် Ryzen PC CPU တွေထောက်ပံ့ထားပါတယ်။ PS 5 နဲ့ Xbox Series X ကတော့ CPU စွမ်းအင်ကို အသုံးချထားပါတယ်။

Sony ရဲ့ PS 5 ကတော့ CPU နဲ့ GPU နှစ်ခုစလုံး အသုံးချပြီး ကြိမ်နှုန်းကို ချိန်ညှိပေးထားပါတယ်။ ဒါကြောင့် ပုံမှန်စွမ်းအင်အတက်၊ အကျ ဖြစ်စေဖို့ ဂိမ်းစက်ကို စွမ်းအင်နဲ့အေးအောင် ပြုလုပ်တဲ့အခါ ဟန်ချက်ညီစေပါတယ်။

GPU

PlayStation 5: Custom RDNA 2 10.28 TFLOPs, 36 CUs at 2.23GHz (variable frequency)

Xbox Series X: Custom RDNA 2 12 TFLOPS, 52 CUs at 1.825 GHz

CPU လိုပဲ ဂိမ်းစက် နှစ်မျိုးစလုံးမှာ တူညီတဲ့ hardware ကို ကွဲပြားစွာ အသုံးပြုထားပါတယ်။ PlayStation 5 မှာတော့ Radeon RX 570 graphics card နဲ့ညီမျှတဲ့ GPU ပါဝင်ပြီး Xbox Series X မှာတော့ Radeon RX Vega 56 ပါဝင်လာပါတယ်။ အဲဒီ GPU တွေက ဂိမ်းအမျိုးမျိုးပေါ် မူတည်ပြီး စွမ်းဆောင်ရည်ကွဲလွဲမှုရှိပါတယ်။ Xbox Series X ကတော့ အားပြည့်အင်ပြည့်ရှိပြီး PlayStation 5 ကတော့ ကျွမ်းကျင်မှုရှိပါတယ်။

Memory

PlayStation 5: 16GB GDDR6 with a 256mb bus | 448GB/s bandwidth

Xbox Series X: 16GB GDDR6 with a 320mb bus | 10GB at 560 GB/s, 6GB at 336 GB/s bandwidth

ဂိမ်းစက် နှစ်မျိုးစလုံးမှာ GDDR6 memory 16GB ကိုအသုံးပြုထားပါတယ်။ PlayStation ရဲ့ memory ကတော့ 256mb ရှိပြီး Xbox မှာတော့ 320mb ရှိပါတယ်။ PS 5 ကတော့ Xbox ထက် lane တွေနည်းပါတယ်။ ဒါပေမဲ့ ဂိမ်းစက်ပေါ်မှာ memory bandwidth ကိုင်တွယ်ပုံကပဲ ခြားနားမှုကို ဖြစ်စေမှာပါ။ PS 5 ကတော့ တစ်စက္ကန့် 448 gigabytes အထိ လည်ပတ်နိုင်ပါတယ်။ Xbox ကတော့ ကဏ္ဍနှစ်မျိုးနဲ့ 16GB memory ကိုအသုံးချပါတယ်။

Internal Storage

PlayStation 5: Custom 825GB SSD with 5.5GB/s (Raw), Typical 8-9GB/s (Compressed) IO throughput

Xbox Series X: 1TB Custom NVME SSD with 2.4 GB/s (Raw), 4.8 GB/s (Compressed) IO throughput

PlayStation 5 ကဖန်တီးထားတဲ့ solid state drive က Xbox Series X ထက် ၂ ဆမြန်ဆန်ပါတယ်။ PlayStation 5 တည်ဆောက်ရေး အကြီးအကဲ မိုက်ခ်ကာနီက ဂိမ်းကို load ပြုလုပ်မှုက အလွန်မြန်ဆန်တာကြောင့် developer တွေအနေနဲ့ ခပ်နှေးနှေးလုပ်ကြဖို့ ပြောခဲ့ပါသေးတယ်။

စိုးထက်
Ref: Kotaku