PlayStation 5 နဲ့ Xbox Series X ဂိမ်းစက်ရောင်းအားကို သုတေသနကုမ္ပဏီ ခန့်မှန်း

PlayStation 5 နဲ့ Xbox Series X ဟာ ဒီနှစ် အားလပ်ရက်ရာသီအတွင်း ပရိသတ်တွေဆီ ရောက်လာပါမယ်။ သုတေသနကုမ္ပဏီ DFC Intelligence ကတော့ PlayStation 5 နဲ့ Xbox Series X ရောင်းအားကို ခန့်မှန်းလိုက်ပါတယ်။

DFC Intelligence က PlayStation 5 ရောင်းအားက Xbox Series X ထက် ၂ ဆ၊ ၁ ဆ ကွာမယ်လို့ သိရပါတယ်။ Sony ရဲ့မျိုးဆက်သစ်ဂိမ်းစက် ရောင်းအားက သန်း ၁၀၀အထိ ရှိလာမယ်လို့ ခန့်မှန်းထာားပါတယ်။

“Microsoft က Xbox Series X ကိုအကောင်းဆုံးကြိုးစားထားပေမယ့် Sony နောက်မှာပဲ ရှိသေးတာကို ပြီးခဲ့တဲ့လက မြင်ရပါတယ်။ စားသုံးသူ အမှတ်တံဆိပ်နှစ်သက်မှုက PlayStation ကိုပဲ ဦးတည်နေပါတယ်။ Xbox Series X ကတော့ အဲဒီအမြင်ကို ပြောင်းလဲဖို့ မလွယ်ပါဘူး” လို့ DFC Intelligence ကပြောခဲ့ပါတယ်။

Xbox ဟာ ဂျပန်ဈေးကွက်မှာ မြင်ရခဲပြီး ဥရောပဈေးကွက်မှာလည်း အားနည်းချက်တာကြောင့် အခုလိုခန့်မှန်းခဲ့တာဖြစ်တယ်လို့ သုတေသနကုမ္ပဏီက ထောက်ပြခဲ့ပါတယ်။ Sony ရဲ့ တစ်ကိုယ်ရေသုံး အီလက်ထရောနစ်ထုတ်ကုန် ဖြန့်ချိမှုအားနဲ့ ကာလရှည်ရောင်းချမှု အမြော်အမြင်

အစား ကာလတိုရောင်းအားကို လျင်မြန်စွာ အာရုံစိုက်နိုင်ပါတယ်။

“Microsoft အနေနဲ့ ကာလရှည် အနိုင်ယူရမယ့် အစီအစဉ်ရှိမယ်” လို့ DFC Intelligence ကရေးသားခဲ့ပါတယ်။

-စိုးထက်
Ref: DigitalTrends