PlayStation 5 ထုတ်လုပ်မှုကို Sony လျှော့ချမှာမဟုတ်

Sony ကတော့ PlayStation 5 ဂိမ်းစက်ကို တရားဝင်ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ အချိန်အတွင်း Sony က PS5 ဂိမ်းကို ၁၅ သန်း မထုတ်တော့ဘဲ ၁၁ သန်း ထုတ်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Sony ကတော့ သတင်းတွေအပေါ် ငြင်းဆန်သွားပါမယ်။ Sony က ဂိမ်းစက်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာ မဟုတ်သလို Bloomberg သတင်းအချက်အလက်က မှားယွင်းနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် PS5 ဂိမ်းစက် ထုတ်လုပ်မှု စတင်ကတည်းက အရေအတွက်ကို မပြောင်းလဲခဲ့ဘူးလို့ ပြောသွားပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««