PlayStation 5 ဂိမ်းစက် ဝယ်ယူပြီးရင် လုပ်ဆောင်ရမယ့် အရာ (၈) ခု

PlayStation 5 ဂိမ်းစက်ကတော့ မကြာမီ နိုဝင်ဘာလ ၁၂ ရက်မှာ ထွက်ရှိပါမယ်။ PlayStation 5 ဂိမ်းစက်ကို ဒေါ်လာ ၄၀၀ နဲ့ စတင် ရောင်းချမယ်လို့သိရပါတယ်။ PS5 ဂိမ်းစက်နဲ့ ဂိမ်းတွေက အရေးပါဆုံး အစိတ်အပိုင်း ဆိုပေမယ့် UI အသစ်နဲ့ settings တွေကလည်း အရေးပါပါတယ်။

အဲဒီ UI နဲ့ setting တွေကို အပြည့်အဝ အသုံးချပြီး ချောမွေ့စွာ အသုံးပြုဖို့ set-up လုပ်ဆောင်တာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် PS5 ဂိမ်းစက် ကိုယ့်လက်ထဲ ရောက်လာပြီဆိုတာနဲ့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာ အောက်မှာ ဖော်ပြပေးပါမယ်။

(၁) privacy settings ကိုစစ်ဆေးပါ

ကနဦး PS5 set-up အတွင်း “Social and Open” ဒါမှမဟုတ် “Solo and Focused” လိုမျိုး နာမည်တွေနဲ့ မတူညီတဲ့ privacy settings (၄) ခုကို တွေ့ရပါမယ်။ အဲဒီထဲမှာ ကိုယ့်အွန်လိုင်း ပရိုဖိုင်ထိန်းချုပ်ခွင့်ပေးပြီး အခြားသူတွေကို မြင်ခွင့်ပေးပါတယ်။

တကယ်လို့ သုံးစွဲသူကိုယ်တိုင် privacy ကို အပြည့်အဝ ထိန်းချုပ်ချင်တယ်ဆိုရင် settings ထဲက “Users and Accounts” tab မှာလုပ်ဆောင်ချက် အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။

(၂) power settings ကိုရွေးချယ်ခြင်း

PS5 က “rest mode” ဖြစ်သွားတဲ့အချိန် ဂိမ်းစက်ဆွဲယူနေတဲ့ စွမ်းအင်ပမာဏ ဘယ်လောက်ထားမလဲဆိုတာ ထိန်းချုပ်ခွင့်ပြုထားပါတယ်။ အဲဒီ settings ကို set-up လုပ်နေစဉ်မှာ ရွေးချယ်နိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲမှာ PS5 က rest-mode ဖြစ်နေတဲ့အချိန်မှာ update တွေကို အလိုအလျောက် download လုပ်မလားဆိုတာလည်း ရွေးလို့ရပါတယ်။

(၃) HDR slider များ

PS5 ကနဦး settings ထဲမှာ contrast နဲ့ brightness settings တွေပါဝင်လာပါတယ်။ နောက်ပိုင်း ရုပ်ထွက်ပိုင်း HDR settings တွေကို အလိုရှိသလို ပြန်ပြောင်းလို့ရပါတယ်။

(၄) sub-menu

PS5 UI ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုကတော့ ဂိမ်းထဲရောက်နေတဲ့အခါ sub-menu ကိုခေါ်နိုင်ပါတယ်။ PS5 sub-menu ကတော့ ထင်းမနေဘဲ စိတ်ကြိုက်ပြင်ဆင်လို့လည်း ရပါတယ်။

သုံးစွဲသူက settings ထဲမှာ အသံနဲ့ နားကြပ်နဲ့ချိတ်ဆက်တာကိုလည်း လုပ်ကိုင်ပါတယ်။ ဒါ့အပြင် Spotify account နဲ့ချိတ်ထားရင်း sub-menu ကနေ သီချင်းဖွင့်လို့ရပါတယ်။ VR option လည်းပါဝင်လာပါတယ်။

(၅) စွမ်းဆောင်ရည်နဲ့ ရုပ်ထွက်အရည်အသွေး ချိန်ညှိခြင်း

PS5 ဂိမ်းစက်မှာ ဂိမ်းတစ်ခုစီအတွက် စွမ်းဆောင်ရည်နဲ့ ရုပ်ထွက်အရည်အသွေးပိုင်းကို ရွေးချယ်သတ်မှတ်ထားနိုင်ပါတယ်။ ဒါ့အပြင် settings ထဲမှာ default ရွေးချယ်မှု ပြုလုပ်နိုင်ပါတယ်။

(၆) Default difficulty ကိုရွေးချယ်ခြင်း

ဂိမ်းရဲ့ preset ကဏ္ဍထဲမှာ ဘယ်လို difficulty တွေကို default ထားလို့လည်းရပါတယ်။ ဒါမှမဟုတ်လည်း ဂိမ်းတွေအကြားက မတူညီတဲ့ အဆင့်တွေကို ရွေးချယ်လို့ရပါတယ်။ လူတချို့ ဂိမ်းကစားတဲ့အခါမှာ ဇာတ်လမ်းသိချင်ကြတဲ့အတွက် အလျင်အမြန် ကစားလိုကြပါတယ်။

(၇) ဂိမ်းခလုတ် settings ကိုလေ့လာပါ

PS5 မှာတော့ ဂိမ်းအားလုံးမှာ အသုံးပြုနိုင်မယ့် ခလုတ် settings ကိုသတ်မှတ်ထားနိုင်ပါတယ်။ FPS သေနတ်ပစစ် ဂိမ်းတွေနဲ့ third-person ဂိမ်းတွေက ကင်မရာခလုတ်ကို တစ်ခုတည်း သတ်မှတ်ထားလို့ရပါတယ်။

(၈) spoiler settings ကိုရွေးချယ်ခြင်း

PlayStation Store အတွင်း ဝင်ရောက်ကြည့်ရူတဲ့အခါ ဂိမ်းဇာတ်လမ်းပိုင်းနဲ့ ပတ်သက်ပြီး အရသာမပျက်ချင်ရင် အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««