PlayStation 5 ဂိမ်းခလုတ်ကို Sony မိတ်ဆက်

Sony ကတော့ PlayStation 5 ဂိမ်းစက်ကို ထုတ်ဖော်မမိတ်ဆက်ပေမယ့် ဂိမ်းခလုတ်သစ် DualSense ကိုပြသလိုက်ပါတယ်။

ဂိမ်းခလုတ်သစ်မှာ အပြောင်းအလဲများစွာ ပြုလုပ်ထားပြီး haptic feedback နဲ့ မတူညီတဲ့ gameplay အတွက် trigger တွေကို ချိန်ညှိပေးနိုင်တဲ့ “adaptive triggers” အသစ်ကလည်းပါဝင်လာပါတယ်။ ဒါ့အပြင် ဂိမ်းခလုတ်သစ်မှာ မိုက်ကရိုဖုန်းထည့်သွင်းထားပြီး USB-C port ပါဝင်တဲ့ Sony ရဲ့ပထမဆုံး ဂိမ်းခလုတ်ဖြစ်ပါတယ်။ ဂိမ်းခလုတ်မှာ နှစ်ရောင်စပ်ပုံစံကို အသုံးပြုထားပြီး လက်ကိုင်နဲ့ ခလုတ်တွေက ပိုမိုလုံးဝန်းလာတာကို တွေ့ရပါတယ်။

Dualsense ဂိမ်းခလုတ်ရဲ့ share ခလုတ်ကို “creat” ခလုတ်လို့ ပြောင်းလဲခေါ်ဆိုသွားပါမယ်။ အဲဒီခလုတ်က ကစားသူတွေ ကမ္ဘာကြီးနဲ့အတူ ဝေမျှဖို့ gameplay content ဖန်တီးနိုင်တဲ့ နည်းလမ်းသစ်တွေ ပါဝင်လာပါတယ်။ Sony အနေနဲ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ အသေးစိတ်ကို ကြေညာမယ်လို့ ပြောထားပါတယ်။

DualSense ကတစ်ချို့ခလုတ်တွေဟာ DualShock 4 ခလုတ်ဟောင်းက အရာတွေကို အပြောင်းအလဲနည်းနည်း လုပ်ထားပါတယ်။ DualSense မှာ PS လိုဂိုထွင်းပြီး ထည့်ထားသလို trigger တွေကို တစောင်းထည့်သွင်းထားပါတယ်။

DualShock 4 ကအခြား feature တွေကတော့ DualSense ခလုတ်မှာ ဆက်လက်ပါဝင်လာပါတယ်။ ဥပမာ ခလုတ်အလယ်တည့်တည့်က touchpad နဲ့ light bar တို့ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge