PlayStation 4 ကိုသယ်ဆောင်ပေးနိုင်မယ့် အကောင်းဆုံး ခရီးဆောင်အိတ်များ

PS4 ဂိမ်းကို အရူးအမူးကစားသူတွေအတွက် ခရီးသွားလာတဲ့အခါမှာ ဂိမ်းစက်ကို တစ်ပါတည်း ယူလိုမယ့် အချိန်တွေရှိလာပါမယ်။ သုံးစွဲသူက ဂိမ်းနဲ့ပတ်သက်တဲ့ ပွဲတစ်ပွဲကို သွားလာရတဲ့ ပြိုင်ပွဲမတိုင်မီ ဟိုတယ်ခန်းမှာ ပါလာတဲ့ဂိမ်းစက်ကိုတပ်ဆင်ပြီး ကစားချင်မှာပါ။ ဒါမှမဟုတ် မိသားစုနဲ့ နွေရာသီခရီးရှည်ထွက်တဲ့အခါ PS4 ဂိမ်းစက်ကို ခရီးဆောင်အိတ်သီးသန့်နဲ့ အထိအခိုက်မရှိဘဲ သယ်ဆောင်နိုင် ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ရှိပြီး PS 4 ဂိမ်းစက်သီးသန့်ထည့်နိုင်မယ့် အိတ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဈေးနှုန်းသက်သာတဲ့ PS 4 ခရီးဆောင်အိတ်
CTA Digital Case

ဈေးနှုန်းချိုသာတဲ့ PS4 ခရီးဆောင်အိတ်ကို ရှာဖွေသူတွေအတွက်ဆို CTA Digital အိတ်ရှိပါတယ်။ CTA Digital အိတ်ရဲ့ အပြင်အဆင်က ကောင်းမွန်ပြီး ဂိမ်းစက်၊ ခလုတ်တွေနဲ့ ဝါယာကြိုးတွေနဲ့ ဂိမ်းခွေထည့်ဖို့နေရာ အလုံ အလောက်ပါဝင်တယ်။ ဈေးနှုန်းကလည်း ၃၆ ဒေါ်လာပဲ ရှိပါတယ်။

ကာကွယ်မှုကောင်းမွန်ခြင်း
co2CREA PS4 Pro Hard Travel Case

PS4 ဂိမ်းစက်ကို ပိုမိုလုံခြုံအောင် ထုပ်ပိုးပေးနိုင်မယ့် အိတ်ကို ဈေးနှုန်းအနည်းငယ်ပိုပေးရုံနဲ့ ရရှိနိုင်ပါတယ်။ co2CREA ခရီးဆောင်အိတ်ဟာ နေရာလွတ် ပိုမိုများပြားပြီး အကြမ်းလည်းခံပါတယ်၊ ပစ္စည်းထည့်နိုင်တဲ့ အကန့်တွေကို လိုအပ်သလို ချိန်ညှိနိုင်ပြီး ဈေးနှုန်းကတော့ ၄၆ ဒေါ်လာဖြစ်ပါတယ်။

ပြောင်းလွယ်ပြင်လွယ်ရှိသော PS4 အိတ်
USA Gear Console Carrying Case

PS4 မော်ဒယ်မျိုးစုံကို ထည့်ထားနိုင်တဲ့ အိတ်ဖြစ်ပါတယ်။ အိတ်အတွင်းဘက်မှာ နေရာလွတ်များစွာ ပါဝင်ပြီး ပစ္စည်းတစ်ခုချင်းကို ထည့်နိုင်အောင် ချိန်ညှိနိုင်ကာ ဂိမ်းကို ထိန်းပေးနိုင်မယ့် ပတ်ကြိုးတစ်ခုလည်း ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ၄၅ ဒေါ်လာဖြစ်ပါတယ်။

ဂိမ်းခလုတ်ထည့်သွင်းနိုင်တဲ့ အိတ်
Sony PlayStation 4 Controller Case

သုံးစွဲသူက ဂိမ်းခလုတ်ကိုပဲ ထည့်သွင်းနို်ငတဲ့ အိတ်ပဲလိုချင်တယ်ဆိုရင် Sony ကခွင့်ပြုချက်ထုတ်ပေးထားတဲ့ PS4 ဂိမ်းခလုတ်အိတ်ကို ဝယ်ယူနိုင်ပါတယ်။ အဲဒီအိတ်ကို RDS ကထုတ်လုပ်ထားကာ ၁၀ ဒေါ်လာပဲ ကျသင့်ပါမယ်။

Portable arcade
GEMS VANGUARD Personal Gaming Enviroment

သုံးစွဲသူက ဂိမ်းစက်အပြင် မော်နီတာပါ သယ်ဆောင်နိုင်တဲ့ ခရီးဆောင်အိတ်ဖြစ်ပါတယ်။ GAEMS အိတ်ဟာ ဈေးနှုန်းမြင့်မားပြီး တောင့်တင်းခိုင်မာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ပါ။

သီးသန့်ပုံစံအိတ်
BUBM Waterproof Game Backpack

ဂိမ်းစက်၊ ခလုတ်နဲ့ ဝါယာကြိုးတွေကို ကြိုးနဲ့ဆိုင်းပြီး သီးသန့်ထည့်နိုင်တဲ့ အိတ်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၆၅ ဒေါ်လာဖြစ်ပါတယ်။

VR ထည့်နိုင်တဲ့အိတ်
co2CREA PS4 Pro + PSVR Hard Travel Case

အခုအိတ်က ကျောပိုးအိတ်ထက် အနည်းငယ် လေးလံပေးမယ့် ကာကွယ်မှုကောင်းကောင်းပေးနိုင်ပါတယ်။ အိတ်ထဲကို PlayStation VR ပါထည့်သွင်းနိုင်ပြီး ၇၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

ပခုံးလွယ်အိတ်
Yudeg Travel Case

Yudeg ဟာ ရိုးရှင်း၊ ဈေးသက်သာပြီး အလွယ်တကူ သယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၀ ပဲ ရှိပါတယ်။

စိုးထက်
Ref: AndroidCentral