Play Store ဒီဇိုင္းသစ္ အေသးစိတ္အခ်က္အလက္ေတြကုိ Google တရားဝင္မိတ္ဆက္

[ Zawgyi ]

Google ဟာ Android မွာ Play Store Material Theme ဒီဇိုင္းပုိင္းေျပာင္းလဲမႈကုိ တရားဝင္ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ ဒီဇိုင္းပုိင္းျပင္ဆင္မႈကုိ ၿပီးခဲ့တဲ့အပတ္က စတင္ျဖန္႔ခ်ိခဲ့တယ္လို႔ Google ကထုတ္ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ ကုမၸဏီက အဓိက အေျပာင္းအလဲေတြကုိ အေသးစိတ္ေဖာ္ျပခဲ့ပါေသးတယ္။

Play Store ဒီဇိုင္းပုိင္းေျပာင္းလဲမႈကုိ လစဥ္ ပုံမွန္သုံးစြဲသူ ၂ ဘီလ်ံမွာ ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ Play Store မွာအသုံးျပဳမယ့္ Material Theme ကုိအသုံးျပဳမယ္ဆိုရင္ update ျပဳလုပ္ရမွာ ျဖစ္ၿပီး သုံးစြဲသူအမ်ိဳးမ်ိဳးအတြက္ အလြယ္တကူ အသုံးျပဳႏိုင္ကာ app ရွာေဖြတဲ့အခါ တုိးတက္လာၿပီး ပိုမိုသပ္ရပ္ အဆင့္ျမင့္လာေအာင္ ဖန္တီးေပးထားပါတယ္။

အခုဒီဇိုင္းပုိင္း ေျပာင္းလဲမႈအတြင္း အဓိက အေျပာင္းအလဲ ၄ ခုကုိ Google ကေျပာခဲ့ပါတယ္။

-Play Store အသုံးျပဳရတာ ပိုမို လြယ္ကူျမန္ဆန္ၿပီး မိုဘုိင္းေပၚက Play Store ေအာက္ေျခမွာ navigation ဘားအသစ္တစ္ခု ပါဝင္သလို tablet ေတြနဲ႔ Chrome OS ေပၚမွာ အသုံးျပဳႏိုင္မယ့္ navigation သစ္လည္း ပါဝင္လာပါတယ္။

-ဂိမ္းေတြနဲ႔ app ေတြအတြက္ သီးသန္႔ေနရာ ၂ ေနရာရွိၿပီး မွန္ကန္တဲ့ content ကုိေဖာ္ျပေပးပါတယ္။

-သုံးစြဲသူေတြက app ဒါမွမဟုတ္ ဂိမ္းကုိ ရွာေတြ႕တာနဲ႔ page တစ္ခုခ်င္းစီရဲ႕ ထိပ္ဘက္မွာ app သတင္း အခ်က္အလက္ေတြ ေဖာ္ျပေပးတဲ့ စာမ်က္ႏွာဖြဲ႕စည္းပုံရွိၿပီး call-to-action ခလုတ္ ပါဝင္လာပါတယ္။ ဒါေၾကာင့္ သုံးစြဲသူတြက အေရးႀကီးတဲ့ အေသးစိတ္အခ်က္အလက္နဲ႔ app ကုိ install လုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ပါမယ္။

-အခု icon စနစ္ေတြက ယူနီေဖာင္းပုံစံရွိၿပီး UI အတြင္း content ေတြပိုမုိျမင္ရေအာင္ ျပဳလုပ္ေပးပါတယ္။

Google အေနနဲ႔ Android နဲ႔ Chrome OS ေပၚမွာ စတုရန္းပုံစံ app icon ကိုထည့္သြင္းဖို႔ လုပ္ကုိင္ေနပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode ]

Google ဟာ Android မှာ Play Store Material Theme ဒီဇိုင်းပိုင်းပြောင်းလဲမှုကို တရားဝင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းပြင်ဆင်မှုကို ပြီးခဲ့တဲ့အပတ်က စတင်ဖြန့်ချိခဲ့တယ်လို့ Google ကထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက အဓိက အပြောင်းအလဲတွေကို အသေးစိတ်ဖော်ပြခဲ့ပါသေးတယ်။

Play Store ဒီဇိုင်းပိုင်းပြောင်းလဲမှုကို လစဉ် ပုံမှန်သုံးစွဲသူ ၂ ဘီလျံမှာ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ Play Store မှာအသုံးပြုမယ့် Material Theme ကိုအသုံးပြုမယ်ဆိုရင် update ပြုလုပ်ရမှာ ဖြစ်ပြီး သုံးစွဲသူအမျိုးမျိုးအတွက် အလွယ်တကူ အသုံးပြုနိုင်ကာ app ရှာဖွေတဲ့အခါ တိုးတက်လာပြီး ပိုမိုသပ်ရပ် အဆင့်မြင့်လာအောင် ဖန်တီးပေးထားပါတယ်။

အခုဒီဇိုင်းပိုင်း ပြောင်းလဲမှုအတွင်း အဓိက အပြောင်းအလဲ ၄ ခုကို Google ကပြောခဲ့ပါတယ်။

-Play Store အသုံးပြုရတာ ပိုမို လွယ်ကူမြန်ဆန်ပြီး မိုဘိုင်းပေါ်က Play Store အောက်ခြေမှာ navigation ဘားအသစ်တစ်ခု ပါဝင်သလို tablet တွေနဲ့ Chrome OS ပေါ်မှာ အသုံးပြုနိုင်မယ့် navigation သစ်လည်း ပါဝင်လာပါတယ်။

-ဂိမ်းတွေနဲ့ app တွေအတွက် သီးသန့်နေရာ ၂ နေရာရှိပြီး မှန်ကန်တဲ့ content ကိုဖော်ပြပေးပါတယ်။

-သုံးစွဲသူတွေက app ဒါမှမဟုတ် ဂိမ်းကို ရှာတွေ့တာနဲ့ page တစ်ခုချင်းစီရဲ့ ထိပ်ဘက်မှာ app သတင်း အချက်အလက်တွေ ဖော်ပြပေးတဲ့ စာမျက်နှာဖွဲ့စည်းပုံရှိပြီး call-to-action ခလုတ် ပါဝင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူတွက အရေးကြီးတဲ့ အသေးစိတ်အချက်အလက်နဲ့ app ကို install လုပ်ဖို့ ဆုံးဖြတ်ချက်ချနိုင်ပါမယ်။

-အခု icon စနစ်တွေက ယူနီဖောင်းပုံစံရှိပြီး UI အတွင်း content တွေပိုမိုမြင်ရအောင် ပြုလုပ်ပေးပါတယ်။

Google အနေနဲ့ Android နဲ့ Chrome OS ပေါ်မှာ စတုရန်းပုံစံ app icon ကိုထည့်သွင်းဖို့ လုပ်ကိုင်နေပါတယ်။

Ref: 9to5Google