Play Store ကနေ Fortnite ကိုဖယ်ရှား

Google ဟာ Apple လိုပဲ ပေါ်လစီချိုးဖောက်မှုနဲ့ Play Store ကနေ Fortnite ကို ဖယ်ရှားလိုက်ပါတယ်။

Fortnite ဂိမ်းဟာ Google ရဲ့ in-app purchase ကိုမဖြတ်သန်းဘဲ တိုက်ရိုက် ငွေပေးချေနိုင်တဲ့ အစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် Fortnite ဟာ Google Play Store ကနေ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

Fortnite ဟာ ဂိမ်းအတွင်းက ဝယ်ယူဖို့အတွက် လိုအပ်တဲ့ Google ပေါ်လစီ Play Store ရဲ့ In-app Billing နည်းလမ်းကို လျစ်လျူရှုခဲ့တယ်။ Google ရဲ့ထုတ်ပြန်ချက်မှာတော့ သုံးစွဲသူ လုံခြုံရေးနဲ့ အတွေ့အကြုံကြောင့် Fortnite ကိုဖယ်ရှားလိုက်လို့ သိရပါတယ်။

Epic Games အနေနဲ့ Play Store ကတစ်ဆင့် update အသစ်တွေ ဖြန့်ချိတော့မှာ မဟုတ်ပါဘူး။ ဝက်ဘ်ဆိုက်က Epic Games Apps ကို download ပြုလုပ်ထားဖို့ ညွှန်ကြားထားပါတယ်။

-စိုးထက်
Ref: 9to5Google