Plants vs. Zombies 2 ကို သြစတြေးလျတွင် စတင်စမ်းသပ်ဖြန့်ချိ

plants-vs-zombies-2-review-3.jpg

PopCap ကုမ္ပဏီမှ ဖန်တီးဖြန့် ချိသည့် Plants vs. Zombies 2 ဂိမ်းသစ်ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် စတင်၍ စမ်းသပ်ဖြန့်ချိလိုက်ကြောင်း သိရသည်။ Plants vs. Zombies 2 ကို ဇူ လိုင်လ ၁၈ ရက်တွင် တစ်ကမ္ဘာ လုံးသို့ ဖြန့်ချိရန် စီစဉ်ထားသော်လည်း နှောင့်နှေးမှုများရှိနေပြီး နွေရာသီနှောင်းပိုင်းမှသာ ဖြန့်ချိတော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။ Developer များက ထပ်မံစမ်းသပ်ရန် အတွက် အချိန်ပို၍ လိုအပ်သောကြောင့်  ယခုကဲ့သို့  နှောင့်နှေးရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ အကြီးတန်းထုတ်လုပ်ရေးမှူး Allen Murray ကဆိုသည်။ ယခင် Plants vs.Zombies ကို offline ကစားနိုင် သော်လည်း ယခု Plants vs. Zombies 2 တွင် နည်းပညာသစ်များ ပိုမိုပါဝင်လာကြောင်း သိရသည်။ အင်တာနက်ဖြင့်ချိတ်ပြီး ကစားသည့်အခါတွင် ကစားသူများ၏ progress ကို သိမ်းဆည်းထားနိုင်ပြီး ၎င်း device အမျိုးမျိုး ပေါ်တွင် account များဝေမျှကာ ပြန်လည်ကစားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းစနစ် ကို ပိုမိုစမ်းသပ်နိုင်ရန်အတွက် သြစတြေးလျနှင့် နယူးဇီလန်တို့ကဲ့သို့ ဈေးကွက်ငယ်များတွင် စတင်ဖြန့်ချိခြင်းဖြစ်ကြောင်း Murray က ပြောကြားခဲ့သည်။