Plague Inc. ဂိမ်းရဲ့ ကပ်ရောဂါ တိုက်ဖျက်နိုင်မယ့် update ဖြန့်ချိ

Plague Inc. ဆိုတာကတော့ ရောဂါပိုး အဆင့်ဆင့်ပြောင်းလဲပြီး ဖြန့်ချိတဲ့ နည်းဗျူဟာဂိမ်းဖြစ်ပါတယ်။ Plague Inc. ကတော့ မူလဂိမ်းပုံစံနဲ့ မတူတဲ့ mode အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Plague Inc: The Cure အမည်ရ mode အသစ်ကတော့ တစ်ကယ့်ဘဝလိုမျိုး ကပ်ရောဂါကို တားဆီးဖို့ လိုအပ်တဲ့အရာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Plague Inc. ဂိမ်းကိုတော့ ၂၀၁၂ ခုနှစ်မှာ စဖြန့်ခဲ့ပေမယ့် ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားတဲ့ သတင်းကြောင့် မတ်လအတွင်း ကစားသူအလွန်များပြားလာပါတယ်။ The Cure ဆိုတဲ့ mode ကတော့ လက်ရှိအခြေအနေကို ထင်ဟပ်ပြီး ကပ်ရောဂါဖြစ်ပွားမှု အဆင့်တွေလည်း ပါဝင်လာပါတယ်။ အဲဒီအဆင့်တွေထဲမှာ ရောဂါကို သုတေသနလုပ်တာ၊ contact tracing လိုမျိုး နည်းစနစ်နဲ့ ခြေရာခံတာနဲ့ ကာကွယ်ဆေးဖန်တီးရပါမယ်။ ဂိမ်းထုတ်လုပ်တဲ့ Ndemic stresses ကတော့ အခုဂိမ်း သိပ္ပံနည်းကျမော်ဒယ်တစ်ခုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ပြောထားပါတယ်။

ဂိမ်းဖန်တီးသူတွေကတော့ ကျွမ်းကျင်သူ အကူအညီယူပြီး COVID-19 လိုမျိုး ရောဂါကို ဘယ်လို တားဆီးမလဲဆိုတဲ့ စိတ်ကူးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««