Pixelbook နဲ႔ယွဥ္ၿပိဳင္မယ့္ စြမ္းေဆာင္ရည္ျမင့္ Chromebook သစ္ႏွစ္မ်ိဳး Acer မိတ္ဆက္

[ Zawgyi ]

မေန႔က နယူးေယာက္စီးတီးမွာျပဳလုပ္ခဲ့တဲ့ အခမ္းအနားတစ္ခုမွာ Acer က Chromebook သစ္ႏွစ္မ်ိဳးကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။

အဲ့ဒီ Chromebook သစ္ႏွစ္မ်ိဳးက Acer Chromebook 13 နဲ႔ Acer Chromebook 15 ျဖစ္ပါတယ္။ အဲ့ဒီအထဲမွာ Chromebook 13 ေမာ္ဒယ္က Google Pixelbook နဲ႔ တိုက္႐ိုက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

၂၀၁၇ ႏွစ္ကုန္ပိုင္းက မိတ္ဆက္ခဲ့တဲ့ Google Pixelbook ဟာ 3:2 display ratio နဲ႔ ထူးကဲတဲ့ specs ေတြပါဝင္ၿပီး ေဒၚလာ ၁,၀၀၀ က်သင့္တဲ့ စြမ္းေဆာင္ရည္ျမင့္ Chromebook တစ္ခုျဖစ္ပါတယ္။ Acer Chromebook 13 နဲ႔ Chromebook Spin 13 တို႔မွာလည္း 3:2 display ratio နဲ႔ ထူးကဲတဲ့ specs ေတြ ပါဝင္လာပါတယ္။

ေစ်းႏႈန္းကို မသိရေသးေပမယ့္ Google Pixelbook ထက္ ေစ်းေလ်ာ့နည္းမယ္လို႔ ယူဆရပါတယ္။

Spin 13 ကေတာ့ convertible ေမာ္ဒယ္ျဖစ္ပါတယ္။ ၃၆၀ ဒီဂရီလွည့္ႏိုင္တာေၾကာင့္ tablet အေနနဲ႔လည္း အသံုးျပဳႏိုင္ပါတယ္။ ဒါဟာ Chrome app ေတြေရာ Play Store က Adnroid app ေတြကိုပါ ေထာက္ပံ့ေပးတဲ့ Acer ရဲ႕ Chromebook သစ္အားလံုးအတြက္ အသံုးတည့္ေစမွာျဖစ္ပါတယ္။

Spin မဟုတ္တဲ့ Acer Chromebook 13 မွာေတာ့ သမား႐ိုးက် ပတၱာတစ္ခုပါဝင္ပါတယ္။ ဒါေပမဲ့ touchscreen ပါမလား၊ မပါဘူးလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Acer Chromebook Spin 13 မွာ stylus တစ္ခုပါဝင္ၿပီး laptop ေအာက္ေျခက dock မွာ ထည့္သြင္းထားပါတယ္။ ဒါဟာ stylus ကို ၉၉ ေဒၚလာနဲ႔ သီးျခားဝယ္ယူရတဲ့ Pixelbook ထက္ သာလြန္တဲ့အခ်က္ ျဖစ္ပါတယ္။

Chromebook 13 ေမာ္ဒယ္ ႏွစ္မ်ိဳးစလံုးမွာ Corning Gorilla Glass trackpad တစ္ခု၊ ၁၃.၅ လက္မ display (2256 x 1504 resolution)၊ USB Type-C port ႏွစ္ခု၊ USB 3.0 port တစ္ခုနဲ႔ microSD card slot တစ္ခုတို႔ ပါဝင္ပါတယ္။ အလူမီနီယံ ေအာက္ခံထည္ေၾကာင့္ ေခ်ာမြတ္ၿပီး အေလးခ်ိန္ကလည္း ေပါ့ပါးပါတယ္။

ဒီ Chromebook ေတြရဲ႕ specs ကို စိတ္ႀကိဳက္ရရိွႏိုင္ပါတယ္။ Chromebook Spin 13 ကို eighth-generation Core i5 ဒါမွမဟုတ္ Core i3 နဲ႔ရႏိုင္ပါတယ္။ RAM ကို 16GB အထိ ရႏိုင္သလို storage ကိုလည္း 128GB အထိရႏိုင္ပါတယ္။ Chromebook 13 ရဲ႕ RAM option ေတြက တူညီေပမယ့္ CPU ကိုေတာ့ Core i3, Pentium 4415U နဲ႔ Intel Celeron 3865U ဆိုၿပီး ရရိွႏုိင္ပါတယ္။ Storage ကိုေတာ့ 32GB နဲ႔ 64GB ဆိုၿပီး ရရိွႏုိင္ပါတယ္။

အရြယ္ပိုႀကီးၿပီး အရည္အေသြးနိမ့္တဲ့ specs ကို ဆႏၵရိွသူေတြအတြက္ Chromebook 15 နဲ႔ Chromebook Spin 15 ကို Acer က ျဖန္႔ခ်ိေပးထားပါတယ္။ Chromebook 15 မွာ ၁၅.၆ လက္မ 16:9 1920 x 1080 resolution display ပါဝင္တာကလြဲရင္ က်န္တာက Chromebook 13 ေမာ္ဒယ္ေတြနဲ႔ တူညီပါတယ္။ CPU ကို Pentium နဲ႔ Celeron ထဲက ေရြးခ်ယ္ႏိုင္ၿပီး RAM ပမာဏကိုလည္း အျမင့္ဆံုး 8GB အထိ ေလွ်ာ့ခ်ထားပါတယ္။ သိုေလွာင္မႈပမာဏကို 32GB နဲ႔ 64GB ဆိုၿပီးရရိွႏုိင္ပါတယ္။
ေစ်းႏႈန္းကိုေတာ့ Acer က မထုတ္ျပန္ေသးပါဘူး။

-ေနာင္ေနာင္
Ref: AndroidAuthority

============

[ Unicode ]

Pixelbook နဲ့ယှဉ်ပြိုင်မယ့် စွမ်းဆောင်ရည်မြင့် Chromebook သစ်နှစ်မျိုး Acer မိတ်ဆက်

============

မနေ့က နယူးယောက်စီးတီးမှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Acer က Chromebook သစ်နှစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီ Chromebook သစ်နှစ်မျိုးက Acer Chromebook 13 နဲ့ Acer Chromebook 15 ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ Chromebook 13 မော်ဒယ်က Google Pixelbook နဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Google Pixelbook ဟာ 3:2 display ratio နဲ့ ထူးကဲတဲ့ specs တွေပါဝင်ပြီး ဒေါ်လာ ၁,၀၀၀ ကျသင့်တဲ့ စွမ်းဆောင်ရည်မြင့် Chromebook တစ်ခုဖြစ်ပါတယ်။ Acer Chromebook 13 နဲ့ Chromebook Spin 13 တို့မှာလည်း 3:2 display ratio နဲ့ ထူးကဲတဲ့ specs တွေ ပါဝင်လာပါတယ်။

စျေးနှုန်းကို မသိရသေးပေမယ့် Google Pixelbook ထက် စျေးလျော့နည်းမယ်လို့ ယူဆရပါတယ်။

Spin 13 ကတော့ convertible မော်ဒယ်ဖြစ်ပါတယ်။ ၃၆၀ ဒီဂရီလှည့်နိုင်တာကြောင့် tablet အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါဟာ Chrome app တွေရော Play Store က Adnroid app တွေကိုပါ ထောက်ပံ့ပေးတဲ့ Acer ရဲ့ Chromebook သစ်အားလုံးအတွက် အသုံးတည့်စေမှာဖြစ်ပါတယ်။

Spin မဟုတ်တဲ့ Acer Chromebook 13 မှာတော့ သမားရိုးကျ ပတ္တာတစ်ခုပါဝင်ပါတယ်။ ဒါပေမဲ့ touchscreen ပါမလား၊ မပါဘူးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Acer Chromebook Spin 13 မှာ stylus တစ်ခုပါဝင်ပြီး laptop အောက်ခြေက dock မှာ ထည့်သွင်းထားပါတယ်။ ဒါဟာ stylus ကို ၉၉ ဒေါ်လာနဲ့ သီးခြားဝယ်ယူရတဲ့ Pixelbook ထက် သာလွန်တဲ့အချက် ဖြစ်ပါတယ်။

Chromebook 13 မော်ဒယ် နှစ်မျိုးစလုံးမှာ Corning Gorilla Glass trackpad တစ်ခု၊ ၁၃.၅ လက်မ display (2256 x 1504 resolution)၊ USB Type-C port နှစ်ခု၊ USB 3.0 port တစ်ခုနဲ့ microSD card slot တစ်ခုတို့ ပါဝင်ပါတယ်။ အလူမီနီယံ အောက်ခံထည်ကြောင့် ချောမွတ်ပြီး အလေးချိန်ကလည်း ပေါ့ပါးပါတယ်။

ဒီ Chromebook တွေရဲ့ specs ကို စိတ်ကြိုက်ရရှိနိုင်ပါတယ်။ Chromebook Spin 13 ကို eighth-generation Core i5 ဒါမှမဟုတ် Core i3 နဲ့ရနိုင်ပါတယ်။ RAM ကို 16GB အထိ ရနိုင်သလို storage ကိုလည်း 128GB အထိရနိုင်ပါတယ်။ Chromebook 13 ရဲ့ RAM option တွေက တူညီပေမယ့် CPU ကိုတော့ Core i3, Pentium 4415U နဲ့ Intel Celeron 3865U ဆိုပြီး ရရှိနိုင်ပါတယ်။ Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။

အရွယ်ပိုကြီးပြီး အရည်အသွေးနိမ့်တဲ့ specs ကို ဆန္ဒရှိသူတွေအတွက် Chromebook 15 နဲ့ Chromebook Spin 15 ကို Acer က ဖြန့်ချိပေးထားပါတယ်။ Chromebook 15 မှာ ၁၅.၆ လက်မ 16:9 1920 x 1080 resolution display ပါဝင်တာကလွဲရင် ကျန်တာက Chromebook 13 မော်ဒယ်တွေနဲ့ တူညီပါတယ်။ CPU ကို Pentium နဲ့ Celeron ထဲက ရွေးချယ်နိုင်ပြီး RAM ပမာဏကိုလည်း အမြင့်ဆုံး 8GB အထိ လျှော့ချထားပါတယ်။ သိုလှောင်မှုပမာဏကို 32GB နဲ့ 64GB ဆိုပြီးရရှိနိုင်ပါတယ်။
စျေးနှုန်းကိုတော့ Acer က မထုတ်ပြန်သေးပါဘူး။

-နောင်နောင်
Ref: AndroidAuthority