Pixel & Pixel 2 ဖုန်းတွေမှာ သုံးထားတဲ့ Google Lens နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၆ ချက်

Google က Pixel ဖုန်းတွေမှာ အသစ်ဖန်တီးထားတဲ့ Google Lens က အရင်ထွက်ရှိထားတဲ့ ဖုန်းတွေတုန်းကလို မဟုတ်ဘဲ Google Assistant နည်းပညာထောက်ပံ့ ပါဝင်လာပါတယ်။ ဒီနည်းပညာက ကင်မရာ စနစ်ကို ဖွင့်လိုက်တာနဲ့ Google ရဲ့ နာမည်ကျော် AI နည်းပညာက ကင်မရာမြင်ကွင်းမှာပေါ်နေတဲ့ အရာကို သေချာစွာစိစစ်ပြီး အကောင်းဆုံးဖြစ်အောင် ခွဲခြမ်းစိတ်ဖြာပြီး ပုံဖော်ပေး မှာဖြစ်ပါတယ်။ Google Lens ကို Google ကနေ ထုတ်ထားတဲ့ Pixel, Pixel XL, Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေမှာ သာ အသုံးပြုထားတာ ဖြစ်ပါတယ်။

Google Lens Button ကို ရှာကြည့်ခြင်း

Google Assistant ကနေတစ် ဆင့် Google Lens ကို ဖွင့်သုံးနိုင် ပါတယ်။ ဖုန်းရဲ့ Home ခလုတ် ကို စက္ကန့်အနည်းငယ်ကြာ ဖိထား လိုက်ရင်ပုံထဲက အတိုင်း ပေါ်လာ မှာဖြစ်ပြီး Google Lens icon ကို တွေ့ရမှဖြစ်ပါတယ်။

ကင်မရာစနစ်ကို အသုံးပြုခြင်း

Google lens icon ကို နှိပ်လိုက်ရင်ကင်မရာနဲ့ ပတ်သက်တဲ့ သုံးနိုင်တာတွေကို အကျဉ်းချုံးရှင်းလင်းချက်ပေါ် လာမှာဖြစ်ပြီး Tap to continue ကိုနှိပ်လိုက်ပါ။ Google Lens အတွက် permission တောင်းပါလိမ့်မယ်။ ALLOW ကို နှိပ်ပါ။ Google Lens ကင်မရာစနစ်ကနေ ပတ်ဝန်းကျင် အနေအထားကို အသေးစိတ်ခွဲခြမ်းလေ့လာ မှာဖြစ်ပါတယ်။

ကင်မရာကနေမြင်ရတဲ့ subject အကြောင်းကြည့်ရှုခြင်း

ကင်မရာကနေ Subject ကို Google Lens စနစ်မှ scan လုပ်ပြီး subject နဲ့ဆက်နွယ်တဲ့အကြောင်း အရာတွေကို ဖော်ပြပေးမှာဖြစ်ပါ တယ်။ ဒီနည်းပညာက subject နဲ့ ဆိုင်တဲ့အကြောင်းအရာအပြည့် စုံကိုတော့ အပြည့်အ၀မရနိုင်သေးပေမယ့်အနီးစပ်ဆုံးတူတာတွေကို ရှာဖွေဖော်ပြပေးမှာဖြစ်ပါတယ်။

Google Lens ကနေထပ်ပြီး ဘာတွေခွဲခြမ်းစိတ်ဖြာနိုင်လဲ

Google Lens မှာ ပါဝင်လာတဲ့ OCR စနစ်က စာသားတွေကို ဘာသာပြန် ဆိုနိုင်အောင် ထောက်ပံ့လုပ်ဆောင်ပေးပါတယ်။ ဒီစနစ်က လိပ်စာကတ်တွေရဲ့ အချက်အလက်တွေကိုဖုန်းမက်ဆေ့ခ်ျ၊ အီးမေးလ်၊ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူ ပေးပို့နိုင်မှာဖြစ်ပါတယ်။ လိပ်စာကတ် တွေ မှာပါတဲ့ barcode ထဲကအချက် အလက်တွေကိုရှာနိုင်ပါတယ်။

ဓာတ်ပုံတွင်သင်္ကေတထည့်သွင်း၍ မျှဝေနိုင်ခြင်း

ဓာတ်ပုံမှာ လက်မထောင်တဲ့ သင်္ကေတနဲ့ လက်မ အောက်ဆိုက် ပြ တဲ့သင်္ကေတတွေကို ထည့်သွင်းပြီး မျှဝေနိုင်ပါတယ်။

ကင်မရာ Zoom သုံးကာ Flash မီးသုံးနိုင်ခြင်း

Google Lens မှာ Zoom ဆွဲရိုက်ရတဲ့ပုံ တွေကို အကောင်းဆုံးနဲ့ ကြည် လင်ပြတ်သားစွာ ရိုက်ကူးနိုင်ဖို့ အတွက် Flash မီးကို ဖွင့်ကာရိုက် ကူးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ညာဘက် အပေါ်ထောင့်နားမှာ Flash icon သင်္ကေတကို နှိပ်ပြီး ရိုက်ကူးနိုင်ပါတယ်။

-ရဲထွဋ်ဝင်း