Pixel C tablet ရောင်းချမှုရပ်ဆိုင်းလိုက်တဲ့ Google

၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၅၀၀ နဲ့ စတင်ရောင်းချခဲ့တဲ့ Pixel C tablet ရောင်းချမှုကို Google က နှစ်နှစ်အကြာမှာ ရပ်ဆိုင်းလိုက်ပါတယ်။

ဒီနှစ်အစောပိုင်းက ကဖန့်ချိခဲ့တဲ့ ဒေါ်လာ ၁,၀၀၀ တန် Pixelbook hybrid laptop ကြောင့် အခုလို ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ Google က ပြောပါတယ်။

“Pixel C ကို အနားပေးလိုက်ပါပြီ။ ဒီ tablet ကို ဆက်လက်ရောင်းချတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ update နဲ့ support တွေ ဆက်ပေးသွားမှာပါ။ ဒါကြောင့် သုံးစွဲသူတွေက ထုတ်ကုန်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်လက်ရရှိဦးမှာဖြစ်ပါတယ်။ ဘက်စုံသုံး ထုတ်ကုန်တစ်ခုကို ရှာဖွေနေသူတွေအတွက် အသစ်မိတ်ဆက်ထားတဲ့ Google Pixelbook မှာ laptop တစ်ခုနဲ့ tablet တစ်ခုရဲ့ အကောင်းဆုံးအရာတွေကို ပေါင်းစပ်ထားပါတယ်” လို့ Google က ထုတ်ပြန်ခဲ့ပါတယ်။

-နောင်နောင်
Ref: CNET