Pixel 5, Pixle 4A 5G နဲ့ Pixel 4A တို့ကို ပြိုင်တူ မိတ်ဆက်

Google ဟာ Pixel ဖုန်း ၃ မျိုးစလုံးကို တရားဝင်မိတ်ဆက်သွားပါတယ်။ ပထမဆုံး မိတ်ဆက်လိုက်တဲ့ ဖုန်းကတော့ Pixel 4A ဖြစ်ပြီး ဒေါ်လာ ၃၄၉ ကျသင့်ကာ ဩဂုတ် ၂၀ မှာ စတင်ရောင်းပါမယ်။ နောက်ဖုန်းတစ်လုံးကတော့ Pixel 5 ဖြစ်ပြီး 5G ပါဝင်လာသလို ဒီနှစ်နှောင်းပိုင်း ထွက်လာပါမယ်။ Pixel 4A 5G ကတော့ ၄၉၉ ဒေါ်လာ ကျသင့်ပါမယ်။ ဒီနှစ်နှောင်းပိုင်းလည်း ထွက်လာမယ်လို့ သိရပါတယ်။

Pixel 5 နဲ့ Pixel 4A 5G

ဒီနှစ်နှောင်းပိုင်းမှာ Pixel 5 ကိုဖြန့်ချိပြီး 5G ထောက်ပံ့မှုပါဝင်မယ်လို့ Google ကပြောထားပါတယ်။ Pixel 5 ဖုန်းကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီ၊ ထိုင်ဝမ်နဲ့ ဩစတြေးလျမှာ ရောင်းချပါမယ်။ လာမယ့်လအနည်းငယ်အတွင်း Google က 5G အပိုင်းနဲ့ ထုတ်ကုန်ကြောင့် ပိုမိုဝေမျှသွားမယ်လို့ Google ထုတ်ကုန်စီမံခန့်ခွဲမှု ဒုဥက္ကဋ္ဌ ဘရိုင်ယန်ရာကောစကီးကပြောခဲ့ပါတယ်။

ဒါ့အပြင် ဘရိုင်ယန်ရာကောစကီးက Pixel 4A 5G ဗားရှင်းကို ထုတ်လုပ်မယ်လို့ Blog post မှာရေးသားခဲ့ပါတယ်။ ဒေါ်လာ ၄၉၉ အထိ ကျသင့်မယ့် Pixel 4A 5G က ပုံမှန် 4A ရဲ့ ၅.၈ လက်မ OLED display ထက် မျက်နှာပြင် ပိုကြီးပါတယ်။ Pixel 4A 5G မှာ ဒုတိယမြောက် ကင်မရာ lens ပါဝင်တယ်လို့ ကောလာဟလ ထွက်နေပါတယ်။

Pixel 4A

ဒီလအတွင်း ဖြန့်ချိရောင်းမယ့် Pixel 4A ဈေးနှုန်းကတော့ ၃၄၉ ဒေါ်လာ ကျသင့်ပါမယ်။ Pixel 4A ကတော့ မျက်နှာပြင်အရွယ်အစား တစ်ခုနဲ့ပဲ ထွက်လာပါမယ်။

မျက်နှာပြင်အရွယ်အစားက ၅.၈၁ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 1800x 23400 OLED ပါဝင်လာသလို hole punch ကင်မရာနဲ့ 443 ppi ဖြစ်ပါတယ်။ ဖုန်းအလေးချိန်ကလည်း ၁၄၄ ဂရမ်ပဲရှိပါတယ်။ ဘက်ထရီကတော့ 3,140mAh ရှိပြီး 18W အထိအားသွင်းပေးနိုင်ပါတယ်။ ဖုန်းထဲမှာ Qualcom Snapdragon 730G ကို RAM 6GB နဲ့ 126GB တို့နဲ့ တွဲဖက်ထားပါတယ်။

ကျောဘက်ကင်မရာက 12.2-megapixel 1.4 μm pixel နဲ့ dual pixel phase detection autofocus, OIS နဲ့ EIS တို့ပါဝင်လာသလို f/1.7, field of view ၇၇ ဒီဂရီရှိပါတယ်။ Pixel 4A မှာ ဗီဒီယိုတွေကို 30fps, 60fps ဒါမှမဟုတ် 120fps နဲ့ 1080p၊ 30,60 ဒါမှမဟုတ် 240fps နဲ့ 720p ဗီဒီယိုအပြင် 30fps နဲ့ 4K လည်းရိုက်ကူးနိုင်ပါတယ်။

Google အနေနဲ့ Pixel 4A ကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ရောင်းချနေပါတယ်။ ဒါ့အပြင် Best Buy, Amazon တို့မှာလည်း ဝယ်ယူနိုင်ပါတယ်။

-စိုးထက်
Ref: CNET