Pixel 5 ဖုန်းကို ကြိုးမဲ့အားသွင်းစနစ် pad အဖြစ် ပြောင်းလဲနိုင်

Google ရဲ့ Pixel 5 ဖုန်းဟာ reverse ကြိုးမဲ့အားသွင်းစနစ် ပါဝင်တဲ့ ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Google က Pixel 5 ဖုန်းမှာ အလွန်အသုံးဝင်တဲ့ feature တစ်ခု ထည့်သွင်းပေးခဲ့ပါတယ်။

Pixel 5 ဖုန်းကို USB-C ကြိုးနဲ့ ချိတ်ဆက်ပြီး အားသွင်းတဲ့အခါ reverse ကြိုးမဲ့အားသွင်းစနစ် အလိုအလျောက် ပွင့်ပြီး Qi charging pad အဖြစ် ပြောင်းလဲသွားမယ်လို့ 9to5Google ကတွေ့ရှိခဲ့ပါတယ်။

Google က အလိုအလျောက် feature က ခဏတာပွင့်သွားပြီး ဖုန်းက Qi ထောက်ပံ့ထားတဲ့ ထုတ်ကုန်ကို ခြေရာခံမိတဲ့အခါ Battery Share လုပ်ဆောင်ချက်နဲ့ အားသွင်းပေးပါမယ်။ တကယ်လို့ ထုတ်ကုန်ကို ခြေရာမခံမိတဲ့အခါ Battery Share ကို အလိုအလျောက် ပိတ်ပေးပါမယ်လို့ ဆိုပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««