Pixel 4 အတွက် feature သစ်တွေကို Google ဖြန့်ချိခဲ့

ဒီလအစောပိုင်းမှာ Google ဟာ ပုံမှန် Android update တွေလိုမဟုတ်တဲ့ Pixel 4 ထုတ်ကုန်အတွက် “Pixel Feature Drop” ကနေ feature သစ်တွေကို ဖြန့်ချိပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် Pixel 4 အတွက် update တွေထွက်ရှိလာပါတယ်။

Pixel 4 မှာ robocall screening နဲ့ Duo ဖုန်းခေါ်ဆိုမှု အပြောင်းအလဲတွေ ပါဝင်လာသလို အံ့အားသင့်စရာ feature တစ်ချို့လည်းပါဝင်တယ်လို့ XDA Developers နဲ့ Android Police တို့ကဖော်ပြခဲ့ကြပါတယ်။

ပထမဆုံး Pixel 4 မှာ Face Unlock ပါဝင်လာပါတယ်။ “ထုတ်ကုန်မှာ face unlock ရုပ်ပုံတွေက မျက်နှာပုံစံတူဖန်တီးဖို့ အသုံးပြုထားပါတယ်။ အချိန်နဲ့တစ်ပြေးညီ ရုပ်တွေကို မှတ်မိအောင် အကူအညီပေးမယ်” လို့ Google ရဲ့ update မှာရေးထားပါတယ်။ မျက်နှာပုံစံတွေကို Pixel 4 ရဲ့လုံခြုံတဲ့ Titan ချစ်ပ်မှာ ထိန်းသိမ်းထားပြီး အွန်လိုင်းနဲ့မချိတ်ထားပါဘူး။

အနာဂတ်မှာ Google ဟာ Pixel 4 အတွက် အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ Google က ကိုယ်ပိုင် flagship ဖုန်းနဲ့ အခြား Android ထုတ်ကုန်တွေနဲ့ ကွဲပြားစေဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စိုးထက်
Ref: Engadget