Pixel 4 ရဲ့ face unlock အားနည်းချက်ကို Google ပြင်ဆင်

Google ဟာ Pixel 4 ကိုဖွင့်ဖို့ face unlock အသုံးပြုချိန်မှာ ပိုမိုလုံခြုံစေမယ့် update ကို ဖြန့်ချိလိုက်ပါတယ်။ အခု update သစ်ကြောင့် သုံးစွဲသူအနေနဲ့ Pixel 4 ရဲ့ face unlock သုံးတဲ့အခါ မျက်လုံးဖွင့်ထားဖို့ လိုအပ်ပါမယ်။

အဲဒီ feature ကို default ဖွင့်ထားပါတယ်။ အခု feature တွေက လုံခြုံရေးအစီအမံတွေ ပါဝင်ပြီး Pixel 4 ရဲ့ face unlock settings အတွင်းမှာ option ကို ဖြုတ်ထားနိုင်ပါတယ်။

Pixel 4 မှာ face unlock အသုံးပြုတဲ့အခါ မျက်လုံးဖွင့်၊ မဖွင့်သိနိုင်တဲ့ feature မပါဝင်တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ အခု feature က Pixel 4 သုံးစွဲသူတစ်ဦး အိပ်ပျော်နေစဉ်မှာ ဖုန်းကို မဖွင့်နိုင်အောင် တားဆီးပေးရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလက Google ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ လာမယ့်လအနည်းငယ်အတွင်း မျက်လုံးဖွင့်၊ မဖွင့် စစ်ဆေးနိုငမယ့် feature ကိုဖြန့်ချိမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Apple ကလည်း ၂၀၁၇ မှာ iPhone X ကို မိတ်ဆက်စဉ်မှာ Face ID မှာ အလားတူ feature ကို ထည့်သွင်းလိုက်ပါတယ်။

Google ဟာ Pixel 4 မှာ အဓိက feature ကိုမိတ်ဆက်ခဲ့သလို တချို့ app တွေအတွက် keyboard ကိုဖွင့်တဲ့အခါ ဖုန်းခေါ်ဆိုမှုနဲ့ စကားပြောဆိုမှု Bluetooth အသံပိုင်းချို့ယွင်းတာကိုလည်း ပြင်ဆင်ပေးထားပါတယ်။

စိုးထက်
Ref: TheVerge