Pixel 4 မွာ လႈပ္ရွားမႈကို ေျခရာခံႏိုင္တဲ့ sensor နဲ႔ စတုရန္းဒီဇိုင္းကင္မရာ ပါဝင္လာဖြယ္ရွိ

[ Zawgyi ]

Google ဟာ ေအာက္တိုဘာလတိုင္း Pixel ဖုန္းေတြကုိ မိတ္ဆက္ခဲ့တာ ၃ ႏွစ္တိုင္တိုင္ ရွိပါၿပီ။ ဒီႏွစ္ေအာက္တိုဘာလမွာလည္း Pixel 4 နဲ႔ Pixel 4 XL ကုိ မိတ္ဆက္ဖြယ္ရွိပါတယ္။ အခုဆိုရင္ Pixel 4 နဲ႔ ပတ္သက္တဲ့ သတင္းေတြ ေပါက္ၾကားထြက္ေပၚေနပါတယ္။

ပထမဆုံးအေနနဲ႔ Pixel 4 ဖုန္းသ႐ုပ္ေဖာ္ပုံေတြ Pricebaba ကေန ထြက္ေပၚလာပါတယ္။ အဲဒီသ႐ုပ္ေဖာ္ပုံအရ Pixel 4 ေက်ာဘက္မွာ fingerprint sensor မပါဝင္ပါဘူး။ စပီကာက ဖုန္းရဲ႕ထိပ္ဘက္မွာ ပါဝင္လာၿပီး ကင္မရာဒီဇုိင္းက စတုရန္းအကြက္ျဖစ္တာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ YouTube မွာ Unbox Therapy မွာ Pixel 4 သတၱဳပုံစံတူ ေမာ္ဒယ္ကုိ ျပသထားတဲ့ ဗီဒီယိုကို တင္ခဲ့ပါတယ္။ သတၱဳပုံစံတူေမာ္ဒယ္ကို ဖုန္းထုတ္လုပ္သူေတြက case ေတြဖန္တီးတဲ့အခါ အသုံးျပဳၾကပါတယ္။

Unbox Therapy ရဲ႕သုံးသပ္သူ လူးဝစ္ဟီဆန္တီဂ်ာက ေက်ာဘက္ကင္မရာနဲ႔အတူ “spectral sensor” ပါဝင္လာႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။ Google ဟာ spectral sensor ကို Pixel 3 မွာအသုံးျပဳထားၿပီး အလင္းေရာင္ေတာက္ပမႈကုိ ကုိင္တြယ္ႏိုင္ေအာင္ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ Pixel 4 မွာ notch မပါဝင္ဘဲ မတူညီတဲ့ ႐ုပ္ပုံေဖာ္ေပးႏိုင္တဲ့ ယူနစ္ ၅ ခုနဲ႔အတူ ေဘးေဘာင္ႀကီးမားမယ္လို႔ လူးဝစ္ဟီဆန္တီဂ်ာက သုံးသပ္ထားပါတယ္။

ဒါ့အျပင္ Pixel 4 မွာ Project Soli ပါဝင္မယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ Project Soli ဟာ ATAP ဌာနအတြင္း Google ကလုပ္ကုိင္ေနတဲ့ ေခတ္ေရွ႕ေျပးစီမံကိန္းေတြထဲက တစ္ခုျဖစ္ပါတယ္။ Project Soli ဟာ လႈပ္ရွားမႈေျခရာခံတဲ့ နည္းပညာျဖစ္ၿပီး မီလီမီတာအဆင့္ တိက်မႈနဲ႔ 3D ေနရာလြတ္အတြင္း လက္နဲ႔ လက္ေခ်ာင္းလႈပ္ရွားကုိ ေျခရာခံဖို႔ ေရဒါအသုံးခ်ေပးပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Google ဟာ အောက်တိုဘာလတိုင်း Pixel ဖုန်းတွေကို မိတ်ဆက်ခဲ့တာ ၃ နှစ်တိုင်တိုင် ရှိပါပြီ။ ဒီနှစ်အောက်တိုဘာလမှာလည်း Pixel 4 နဲ့ Pixel 4 XL ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ အခုဆိုရင် Pixel 4 နဲ့ ပတ်သက်တဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။

ပထမဆုံးအနေနဲ့ Pixel 4 ဖုန်းသရုပ်ဖော်ပုံတွေ Pricebaba ကနေ ထွက်ပေါ်လာပါတယ်။ အဲဒီသရုပ်ဖော်ပုံအရ Pixel 4 ကျောဘက်မှာ fingerprint sensor မပါဝင်ပါဘူး။ စပီကာက ဖုန်းရဲ့ထိပ်ဘက်မှာ ပါဝင်လာပြီး ကင်မရာဒီဇိုင်းက စတုရန်းအကွက်ဖြစ်တာကို တွေ့ရပါတယ်။

ဒါ့အပြင် YouTube မှာ Unbox Therapy မှာ Pixel 4 သတ္တုပုံစံတူ မော်ဒယ်ကို ပြသထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ သတ္တုပုံစံတူမော်ဒယ်ကို ဖုန်းထုတ်လုပ်သူတွေက case တွေဖန်တီးတဲ့အခါ အသုံးပြုကြပါတယ်။

Unbox Therapy ရဲ့သုံးသပ်သူ လူးဝစ်ဟီဆန်တီဂျာက ကျောဘက်ကင်မရာနဲ့အတူ “spectral sensor” ပါဝင်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ Google ဟာ spectral sensor ကို Pixel 3 မှာအသုံးပြုထားပြီး အလင်းရောင်တောက်ပမှုကို ကိုင်တွယ်နိုင်အောင် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Pixel 4 မှာ notch မပါဝင်ဘဲ မတူညီတဲ့ ရုပ်ပုံဖော်ပေးနိုင်တဲ့ ယူနစ် ၅ ခုနဲ့အတူ ဘေးဘောင်ကြီးမားမယ်လို့ လူးဝစ်ဟီဆန်တီဂျာက သုံးသပ်ထားပါတယ်။

ဒါ့အပြင် Pixel 4 မှာ Project Soli ပါဝင်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Project Soli ဟာ ATAP ဌာနအတွင်း Google ကလုပ်ကိုင်နေတဲ့ ခေတ်ရှေ့ပြေးစီမံကိန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Project Soli ဟာ လှုပ်ရှားမှုခြေရာခံတဲ့ နည်းပညာဖြစ်ပြီး မီလီမီတာအဆင့် တိကျမှုနဲ့ 3D နေရာလွတ်အတွင်း လက်နဲ့ လက်ချောင်းလှုပ်ရှားကို ခြေရာခံဖို့ ရေဒါအသုံးချပေးပါတယ်။

Ref: TheVerge