
Google ဟာ လူအများစိတ်ဝင်တစား စောင့်မျှော်နေတဲ့ Pixel 4 နဲ့ Pixel 4 XL ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို နယူးယောက်စီးတီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Pixel 4 ကို အဖြူ၊ အနက်နဲ့ လိမ္မော် (ကန့်သတ်) ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ အောက်တိုဘာ ၂၄ ရက်မှာ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pixel 4 နဲ့ Pixel 4 XL ထုတ်ကုန်တွေကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီတွေက ရောင်းချမှာ ဖြစ်ပါတယ်။ ပုံမှန် Pixel 4 က ဒေါ်လာ ၇၉၉ ကျသင့်မှာ ဖြစ်ပြီး Pixel 4 XL ကတော့ ၈၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Pixel 4 XL မှာ ၆.၃ လက်မ Quad HD display ပါဝင်ပြီး Pixel 4 မှာတော့ ၅.၇ လက်မ မျက်နှာပြင်က 1080p ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 90Hz အမြင့်ဆုံး refresh rate ပါဝင်တဲ့အတွက် scroll နဲ့ တုံ့ပြန်မှုအား အလွန်ချောမွေ့ပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်ရဲ့ refresh rate ကို ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ဖို့ 60Hz အထိ ချိန်ညှိပေးနိုင်ပါတယ်။Pixel ဖုန်းတွေရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ ဘက်ထရီပမာဏက မတူပေမယ့် ကျန်တဲ့ hardware ပိုင်းတွေက တူညီပါတယ်။ Pixel ဖုန်းတွေမှာ Qualcomm ရဲ့ Snapdragon 855 ပရိုဆက်ဆာနဲ့ storage 64GB ဒါမှမဟုတ် 128GB ကိုရွေးချယ်နိုင်ပြီး RAM 6GB ပါဝင်လာပါတယ်။
Introducing Google #pixel4, our most helpful phone yet. Built around the Google software you know and love that you won't find on any other smartphone. #madebygoogle pic.twitter.com/JZxU2phmcW
— Google (@Google) October 15, 2019
Pixek 4 ရဲ့ထိပ်ဘက်ဘေးဘောင်မှာ feature သစ်၂ခုအတွက် sensor တွေများစွာ ပါဝင်လာပါတယ်။ အဲဒီ feature တွေထဲက တစ်ခုကတော့ Google ရဲ့ကိုယ်ပိုင် Face unlock စနစ်ဖြစ်ပါတယ်။ အခြားတစ်ခုကတော့ Motion Sense လို့အမည်ရတဲ့ feature ဖြစ်ပါတယ်။ Pixel 4 ကိုလက်အမူအရာနဲ့ ထိန်းချုပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Motion Sense မှာ Google ရဲ့ Project Soli နည်းပညာအသုံးပြုထားတဲ့အတွက် ဖုန်းရဲ့ display ရှေ့မှာ လက်နဲ့ဝှေ့ယမ်းလိုက်တာနဲ့ သီချင်းတွေကို ထိန်းချုပ်တာ၊ ဖုန်းခေါ်ဆိုမှုတွေ ထိန်းချုပ်တာလည်း ပြုလုပ်နိုင်ပါတယ်။ Motion Sense ကို ဘယ်အချိန်မဆို disable လုပ်နိုင်ပါသေးတယ်။
Google ဟာ ကျောဘက်ကင်မရာမှာ telephoto portrait lens ကိုထည့်သွင်းခဲ့ပါတယ်။ Pixel 4 တွေမှာ telephoto lens ပါဝင်ပြီး optical နဲ့ digital focus ပေါင်းစပ်ထားတဲ့ 2x zoom ပါဝင်လာတယ်လို့ Google ကပြောခဲ့ပါတယ်။
Pixel ထုတ်ကုန်သစ်တွေက Google ရဲ့ကင်မရာစွမ်းဆောင်ရည်ကို အကောင်းဆုံးဖော်ပြနို်ငပါတယ်။ Google ဟာ Pixel 4 ထုတ်ကုန်တွေမှာ ပထမဆုံးအကြိမ်အဖြစ် ဒုတိယမြောက်ကျောဘက်ကင်မရာ ထည့်သွင်းခဲ့သလို Night Sight လိုမျိုး mode ကိုအဆင့်မြှင့်တင်ကာ software trick သစ်တွေလည်း ထည့်သွင်းထားပါတယ်။ Night Sight မှာ ကြယ်တွေကို long-exposure နဲ့ဓာတ်ပုံရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Live HDR+ ကတော့ ရိုက်ကူးပြီးတဲ့ဓာတ်ပုံတွေကို Google ကပြင်ဆင်ပြီးနောက် အချိန်နဲ့တစ်ပြေးညီ လေ့လာနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သုံးစွဲသူက HDR ထိန်းချုပ်မှုကို ပြင်ဆင်နိုင်ဖို့ shadows slider သစ်ပါဝင်လာပါတယ်။
Pixel 4 မှာ Google ရဲ့ speech recognition ကိုအသုံးပြုပြီး စာနဲ့မှတ်တမ်းတင်တာကို အလိုအလျောက် မြန်ဆန်စွာ ပြုလုပ်ပေးနိုင်တဲ့ Recorder (voice memos) သစ်ကို မိတ်ဆက်ထားပါတယ်။
စိုးထက်
Ref: TheVerge