Pixel 4 ဓာတ်ပုံတွေကို Google ဖြန့်ချိ

[ Zawgyi ]






စိုးထက်
Ref: CNN

[ Unicode ]

Google ဟာ အသစ်မိတ်ဆက်မယ့် Pixel 4 စမတ်ဖုန်းကို Twitter မှာထုတ်ဖော်ပြသသွားပါတယ်။

အဲဒီ tweet မှာပါဝင်တဲ့ ဓာတ်ပုံမှာ ဖုန်းပုံစံ ၂ ပုံပါဝင်ကာ ဖုန်းကျောဘက်က စတုရန်းပုံသဏ္ဍာန်ကင်မရာကို ပြသထားပါတယ်။ ဒီဖုန်းဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ မတူတော့ပါဘူး။
Google ရဲ့ tweet က ဖုန်းရဲ့ အလားအလာနဲ့ ထုတ်ကုန်သစ်ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသသွားတာဖြစ်ပါတယ်။

Pixel ဖုန်းတွေမှာ ကင်မရာတွေက ချီးကျူးခံခဲ့ရပါတယ်။ ပထမဆုံးမျိုးဆက်သစ် ၃ ခုရဲ့ ကျောဘက်မှာ ကင်မရာ ၁ လုံးပဲ ပါဝင်ပါတယ်။ Apple, Samsung, Huawei နဲ့ အခြား စမတ်ဖုန်းထုတ်လုပ်သူတွေက ကင်မရာ ၂ လုံးကနေ ၄ လုံး အထိ ထည့်သွင်းရပါတယ်။ Google အနေနဲ့ Pixel 4 မှာလည်း ရှေ့မျိုးဆက်တွေလို ကင်မရာ ၁ လုံးပဲ ထည့်သွင်းဦးမှာ ဖြစ်ပါတယ်။

အခုဓာတ်ပုံမှာ ကျောဘက် fingerprint reader မပါဝင်တာကို တွေ့ရပါတယ်။ Samsung, OnePlus နဲ့ အခြားကုမ္ပဏီတွေကတော့ screen အောက်မှာ fingerprint reader တွေကို ထည့်သွင်းလာပါတယ်။ Apple ကတော့ ဖုန်းတွေကို unlock လုပ်ဖို့ FaceID ကင်မရာတွေအပေါ် အမှီပြုထားပါတယ်။

Google ရဲ့ Pixel ဖုန်းတွေဟာ Android ဗားရှင်းသစ်တွေ ပါဝင်လာလေ့ရှိတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း ရောင်းအားမကောင်းပါဘူး။

Ref: CNN