Pixel 3 နဲ႔အတူ Pixelbook သစ္ကို မိတ္ဆက္မယ့္ Google

[ Zawgyi ]

Google ဟာ ကုမၸဏီရဲ႕ ပထမဆံုး စမတ္နာရီကို မိတ္ဆက္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ ေကာလာဟလသတင္းေတြဟာ ေမလက ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီ စမတ္နာရီကို Pixel အမွတ္တံဆိပ္နဲ႔အတူ ေတြ႕ျမင္ရဖြယ္ရိွၿပီး Pixel 3, Pixel 3 XL တို႔နဲ႔အတူ ေအာက္တိုဘာလမွာ ပြဲထုတ္မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။

Evan Blass ရဲ႕ Twitter ေပၚမွာေဝမွ်ခဲ့တဲ့ ေနာက္ဆံုးေပၚ အခ်က္အလက္ေတြအရ Google ဟာ ေသးငယ္တဲ့ bezel ေတြပါဝင္တဲ့ ဒုတိယမ်ိဳးဆက္ Pixelbook ကိုလည္း Pixel 3 နဲ႔ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

အဲ့ဒီ Pixelbook သစ္ရဲ႕ အခ်က္အလက္ေတြကို မသိရေသးေပမယ့္ ေနာက္ဆံုးေပၚ Intel ဒါမွမဟုတ္ Qualcomm ARM chipset ေပၚမွာ Chrome OS ကို run ထားဖြယ္ရိွၿပီး Google Assistant ပါဝင္လာမယ္လို႔ ဆိုပါတယ္။

Pixel ဖုန္းသစ္ေတြကို ေအာက္တိုဘာလ ပထမအပတ္မွာ ေတြ႕ျမင္ရဖို႔ရိွပါတယ္။

Ref: GSMArena[

[ Unicode ]

Google ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို မိတ်ဆက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေဟာ မေလက ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ စမတ်နာရီကို Pixel အမှတ်တံဆိပ်နဲ့အတူ တွေ့မြင်ရဖွယ်ရှိပြီး Pixel 3, Pixel 3 XL တို့နဲ့အတူ အောက်တိုဘာလမှာ ပွဲထုတ်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Evan Blass ရဲ့ Twitter ပေါ်မှာဝေမျှခဲ့တဲ့ နောက်ဆုံးပေါ် အချက်အလက်တွေအရ Google ဟာ သေးငယ်တဲ့ bezel တွေပါဝင်တဲ့ ဒုတိယမျိုးဆက် Pixelbook ကိုလည်း Pixel 3 နဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီ Pixelbook သစ်ရဲ့ အချက်အလက်တွေကို မသိရသေးပေမယ့် နောက်ဆုံးပေါ် Intel ဒါမှမဟုတ် Qualcomm ARM chipset ပေါ်မှာ Chrome OS ကို run ထားဖွယ်ရှိပြီး Google Assistant ပါဝင်လာမယ်လို့ ဆိုပါတယ်။

Pixel ဖုန်းသစ်တွေကို အောက်တိုဘာလ ပထမအပတ်မှာ တွေ့မြင်ရဖို့ရှိပါတယ်။

Ref: GSMArena