Pixel 3 ကို ေအာက္တိုဘာလတြင္ မိတ္ဆက္ရန္ Google စီစဥ္ေန

[ Zawgyi ]


Google ဟာ Pixel 3 နဲ႔ Pixel 3 XL ကို ေအာက္တိုဘာလမွာ ပြဲထုတ္မိတ္ဆက္ဖို႔ စီစဥ္ေနၿပီး Verizon က အဆိုပါစမတ္ဖုန္းေတြကို အထူးသီးသန္႔ေရာင္းခ်မယ့္ အေမရိကန္ ဆက္သြယ္ေရးကုမၸဏီျဖစ္တယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ Pixel 3 XL ရဲ႕ display ထိပ္ဘက္မွာ notch တစ္ခု ပါဝင္လာမယ္လို႔ ဆိုပါတယ္။ ဖုန္းရဲ႕ bezel ေတြက အလြန္ေသးငယ္ၿပီး ေအာက္ေျခဘက္မွာေတာ့ “chin” တစ္ခု ပါဝင္လာမွာျဖစ္ပါတယ္။ Pixel 3 XL ရဲ႕ notch က iPhone X လို မက်ယ္ေပမယ့္ ပိုျမင့္တယ္လို႔လည္း Bloomberg က ေဖာ္ျပခဲ့ပါတယ္။

သာမန္ Pixel 3 ကေတာ့ လက္ရိွ Pixel 2 နဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။ ေမာ္ဒယ္ႏွစ္ခုစလံုးမွာ စတီရီယို စပီကာေတြပါဝင္ေပမယ့္ ေရပန္းစားေနတဲ့ ေက်ာဘက္ကင္မရာႏွစ္ခုကိုေတာ့ အသံုးျပဳထားျခင္း မရိွဘဲ ဖုန္းႏွစ္ခုစလံုးမွာ ေက်ာဘက္ကင္မရာ တစ္ခုတည္းကိုသာ ဆက္လက္ အသံုးျပဳထားပါတယ္။ Pixel 3 XL ရဲ႕ အေရွ႕ဘက္မွာေတာ့ ကင္မရာႏွစ္ခု ပါဝင္လာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေဒၚလာ ၁.၁ ဘီလ်ံနဲ႔ Google ဝယ္ယူခဲ့တဲ့ HTC အဖြဲ႕ဟာ Pixel 3 ထုတ္ကုန္ႏွစ္ခုစလံုးရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ အဓိက အခန္းက႑ကေန ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ဖုန္းတပ္ဆင္ထုတ္လုပ္မႈအတြက္ Google က Foxconn နဲ႔ ေဆြးေႏြးေနတယ္လို႔လည္း သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

=========

[ Unicode ]

Pixel 3 ကို အောက်တိုဘာလတွင် မိတ်ဆက်ရန် Google စီစဉ်နေ

=========

Google ဟာ Pixel 3 နဲ့ Pixel 3 XL ကို အောက်တိုဘာလမှာ ပွဲထုတ်မိတ်ဆက်ဖို့ စီစဉ်နေပြီး Verizon က အဆိုပါစမတ်ဖုန်းတွေကို အထူးသီးသန့်ရောင်းချမယ့် အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Pixel 3 XL ရဲ့ display ထိပ်ဘက်မှာ notch တစ်ခု ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ bezel တွေက အလွန်သေးငယ်ပြီး အောက်ခြေဘက်မှာတော့ “chin” တစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။ Pixel 3 XL ရဲ့ notch က iPhone X လို မကျယ်ပေမယ့် ပိုမြင့်တယ်လို့လည်း Bloomberg က ဖော်ပြခဲ့ပါတယ်။

သာမန် Pixel 3 ကတော့ လက်ရှိ Pixel 2 နဲ့ ဆင်တူတယ်လို့ သိရပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ စတီရီယို စပီကာတွေပါဝင်ပေမယ့် ရေပန်းစားနေတဲ့ ကျောဘက်ကင်မရာနှစ်ခုကိုတော့ အသုံးပြုထားခြင်း မရှိဘဲ ဖုန်းနှစ်ခုစလုံးမှာ ကျောဘက်ကင်မရာ တစ်ခုတည်းကိုသာ ဆက်လက် အသုံးပြုထားပါတယ်။ Pixel 3 XL ရဲ့ အရှေ့ဘက်မှာတော့ ကင်မရာနှစ်ခု ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁.၁ ဘီလျံနဲ့ Google ဝယ်ယူခဲ့တဲ့ HTC အဖွဲ့ဟာ Pixel 3 ထုတ်ကုန်နှစ်ခုစလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းတပ်ဆင်ထုတ်လုပ်မှုအတွက် Google က Foxconn နဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

-နောင်နောင်
Ref: TheVerge