Pixel ထုတ်ကုန်တွေအတွက် feature သစ်တွေကို ထောက်ပံ့သွားမယ့် Google

Google Pixel 4 ကို မကြာခင်မှာ အဆင့်မြှင့်တင်ပေးတော့မှာ ဖြစ်ပါတယ်။ Pixel ဖုန်းတွေဟာ လစဉ်လတိုင်း fix နဲ့ပြင်ဆင်မှုတွေရရှိနေပါတယ်။ Google အနေနဲ့ Pixel feature drops လို့အမည်ရတဲ့ update အကြီးစား တစ်မျိုးကို ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

ပထမဆုံးဗားရှင်းကို လာမယ့်နှစ်အတွင်း ဖြန့်ချိသွားမှာ ဖြစ်ပြီး portrait ဓာတ်ပုံတွေရိုက်ကူးမှုနဲ့ အလိုအလျောက် ဖုန်းခေါ်မှုကို ပြသတာကနေ robocall တွေကိုကာကွယ်မှု စတဲ့ နည်းလမ်းတွေ ပါဝင်လာမယ်လို့ Google က blog post မှာရေးသားခဲ့ပါတယ်။Google Photos အတွင်းက Portrait Blur feature သစ်က ရိုက်ကူးပြီးသား ဓာတ်ပုံကို portrait ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Pixel 4 ပေါ်ကဖုန်းခေါ်ဆိုတဲ့ မျက်နှာပြင်ကို အဆင့်မြှင့်တင်လိုက်ပြီး Google Assistant ကအမည်မသိတဲ့ ဖုန်းခေါ်ဆိုသူတွေကို ပြသတာနဲ့ သံသယရှိတဲ့ robocall တွေကို အလိုအလျောက် ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ robocall မဟုတ်ရင် ဖုန်းခေါ်မှုနဲ့ပတ်သက်တဲ့ ဆက်စပ်ကိစ္စတွေကိုလည်း ပြသပေးပါမယ်။ အဆင့်မြှင့်တင်လိုက်တဲ့ update ကြောင့် Google Maps ကလည်း မြန်ဆန်တိကျလာပါလိမ့်မယ်။Pixel 4 ပေါ်က Google Duo update တွေကလည်း အဆင့်မြင့်လာပြီး ဗီဒီယိုခေါ်ဆိုမှုအတွင်း မျက်နှာကို တိကျအောင်ချိန်ညှိပေးမယ့် auto-framing လိုမျိုး feature ပါဝင်လာပါတယ်။ ဒါ့အပြင် ဖုန်းခေါ်ဆိုမှုအတွင်း စကားပြောဆိုမှုကို ချောမွေ့စေဖို့ အသံကိုခန့်မှန်ပေးတဲ့ machine learning tool ကိုအသုံးပြုထားပါတယ်။

Pixel 2, 3 နဲ့ 3A ဖုန်းတွေလည်း feature သစ်တွေကို ရရှိမယ့်အပြင် ထုတ်ကုန်အားလုံးမှာ အသုံးပြုနိုင်မယ့် Recorder app ကနေ memory management နဲ့ access အတွက် update တွေလည်းရရှိပါမယ်။ Pixel 3 နဲ့ 3A သုံးစွဲသူတွေအတွက် Live Caption လည်းရရှိမှာ ဖြစ်ပါတယ်။ Pixel သုံးစွဲသူအနေနဲ့ portrait filter ကနေ Duo ဖုန်းခေါ်ဆိုမှုတွေလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET