Pinterest ကေန ခြဲထြက္ၿပီး သီးျခားရပ္တည္သြားမယ့္ Instapaper

[ Zawgyi ]

၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လတုန္းက Pinterest ဟာ Marco Arment တည္ေဆာက္ခဲ့တဲ့ read-it-later bookmarking ဝန္ေဆာင္မႈျဖစ္တဲ့ Instapaper ကုိ ဝယ္ယူခဲ့ပါတယ္။ ႏွစ္ႏွစ္အၾကာမွာေတာ့ Instapaper ဟာ Pinterset ကေနခြဲထြက္ၿပီး သီးျခားျပန္လည္ရပ္တည္ေနၿပီ ျဖစ္ပါတယ္။

Instapaper ကုိကြပ္ကဲႀကီးၾကပ္ဖို႔ “Instant Paper, Inc.” လို႔ေခၚတဲ့ ကုမၸဏီကို ဖြဲ႕စည္းလိုက္တယ္လို႔ blog post မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီကုမၸဏီမွာ ၂၀၁၃ ခုႏွစ္ကတည္းက Instapaper မွာ လုပ္ကုိင္ေနၾကတဲ့ ဝန္ထမ္းအမ်ားစု ပါဝင္ပါတယ္။

Instant Paper အေနနဲ႔ ကုမၸဏီကုိ တရားဝင္စီမံခန္႔ခြဲဖို႔ သုံးပတ္ေစာင့္ဆုိင္းသြားမွာ ျဖစ္သလို သုံးစြဲသူရဲ႕ တစ္ကုိယ္ေရ အခ်က္အလက္ေတြကုိ တေလးတစားကုိင္တြယ္မႈနဲ႔အတူ အေျပာင္းအလဲေတြကို သတိေပးအေၾကာင္းၾကားသြားမယ္လုိ႔ သိရပါတယ္။

Pinterest နဲ႔ Instapaper တို႔ရဲ႕ လမ္းခြဲမႈနဲ႔ ပတ္သက္တဲ့အေၾကာင္းရင္းကို မသိရေသးေပမယ့္ ကုမၸဏီသီးျခားရပ္တည္မႈက အေထြေထြ အခ်က္အလက္ကာကြယ္မႈစည္းမ်ဥ္း (GDPR) ကုိ ပုိမုိလိုက္နာလာႏိုင္မယ္လုိ႔ သုံးစြဲသူေတြက ေမွ်ာ္လင့္ေနပါတယ္။

ၿပီးခဲ့တဲ့ေမလက Instapaper ဟာ GDPR ကုိအေျပာင္းအလဲ ျပဳလုပ္ဖို႔ ဥေရာပအတြင္းက ဝန္ေဆာင္မႈေတြကို ပိတ္သိမ္းခဲ့ပါတယ္။ Instapaper ရဲ႕ရည္မွန္းခ်က္က GDPR ကိုလိုက္နာဖို႔ ျဖစ္တယ္လို႔လည္း အတည္ျပဳသြားခဲ့ပါေသးတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

၂၀၁၆ ခုနှစ်၊ သြဂုတ်လတုန်းက Pinterest ဟာ Marco Arment တည်ဆောက်ခဲ့တဲ့ read-it-later bookmarking ဝန်ဆောင်မှုဖြစ်တဲ့ Instapaper ကို ဝယ်ယူခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ Instapaper ဟာ Pinterset ကနေခွဲထွက်ပြီး သီးခြားပြန်လည်ရပ်တည်နေပြီ ဖြစ်ပါတယ်။

Instapaper ကိုကွပ်ကဲကြီးကြပ်ဖို့ “Instant Paper, Inc.” လို့ခေါ်တဲ့ ကုမ္ပဏီကို ဖွဲ့စည်းလိုက်တယ်လို့ blog post မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာ ၂၀၁၃ ခုနှစ်ကတည်းက Instapaper မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအများစု ပါဝင်ပါတယ်။

Instant Paper အနေနဲ့ ကုမ္ပဏီကို တရားဝင်စီမံခန့်ခွဲဖို့ သုံးပတ်စောင့်ဆိုင်းသွားမှာ ဖြစ်သလို သုံးစွဲသူရဲ့ တစ်ကိုယ်ရေ အချက်အလက်တွေကို တလေးတစားကိုင်တွယ်မှုနဲ့အတူ အပြောင်းအလဲတွေကို သတိပေးအကြောင်းကြားသွားမယ်လို့ သိရပါတယ်။

Pinterest နဲ့ Instapaper တို့ရဲ့ လမ်းခွဲမှုနဲ့ ပတ်သက်တဲ့အကြောင်းရင်းကို မသိရသေးပေမယ့် ကုမ္ပဏီသီးခြားရပ်တည်မှုက အထွေထွေ အချက်အလက်ကာကွယ်မှုစည်းမျဉ်း (GDPR) ကို ပိုမိုလိုက်နာလာနိုင်မယ်လို့ သုံးစွဲသူတွေက မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့မေလက Instapaper ဟာ GDPR ကိုအပြောင်းအလဲ ပြုလုပ်ဖို့ ဥရောပအတွင်းက ဝန်ဆောင်မှုတွေကို ပိတ်သိမ်းခဲ့ပါတယ်။ Instapaper ရဲ့ရည်မှန်းချက်က GDPR ကိုလိုက်နာဖို့ ဖြစ်တယ်လို့လည်း အတည်ပြုသွားခဲ့ပါသေးတယ်။

စိုးထက်
Ref: TechCrunch