Photography Myanmar

ဓာတ်ပုံရိုက်ကူးနည်းတွေကို လေ့လာနိုင်မှာဖြစ်သလို မိမိရိုက်ကူးထားတဲ့ Street photography ဓာတ်ပုံတွေကိုလည်း တင်နိုင်မယ့် App ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်ကဲ့သို့ ဓာတ်ပုံရိုက်ကူးနည်းပညာရပ်ဆိုင်ရာတွေကို ကဏ္ဍအလိုက် လေ့လာနိုင်မှာဖြစ်သလို အပျော်တမ်းဓာတ်ပုံရိုက် ဝါသနာပါသူတွေအနေနဲ့လည်း မိမိကိုယ်တိုင်ရိုက်ကူးထားတဲ့ Street Photography ဓာတ်ပုံတွေကို Facebook Profile နဲ့ တွဲပြီး တင်ထားနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း